မြန်မာနိုင်ငံခရီး တရုတ်နိုင်ငံနဲ့ မသက်ဆိုင်ဟု အမေရိကန် အစိုးရ ပြော

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ တရုတ်နိုင်ငံနဲ့ ပတ်သက်မှု မရှိဘူးလို့ အမေရိကန် အစိုးရက ပြောကြားလိုက်ပါတယ်။

2011.11.30
state-dept-press-305.jpg အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း အရာရှိများနှင့် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ဝါရှင်တန်ဒီစီ မြို့တော်မှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က ရှင်းပြနေစဉ်။ ဓါတ်ပုံ - အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန
US Department of State

အမေရိကန် နိုင်ငံခြားရေးဌာန သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံကို အမေရိကန် ချဉ်းကပ်မှုဟာ တရုတ်နိုင်ငံနဲ့ သြဇာချဲ့ထွင်ဖို့ ပြိုင်ဆိုင်နေတဲ့ သဘောလားလို့ သတင်းထောက် တစ်ဦးက မေးမြန်းရာမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mark Toner က “အခု မြန်မာနိုင်ငံ ခရီးစဉ်ဟာ သမ္မတ အိုဘားမား ပြောခဲ့သလို မြန်မာ ခေါင်းဆောင်ပိုင်းမှာ တိုးတက်မှု အများအပြား တွေ့လာရတဲ့ အတွက် ဒီအခွင့်အရေးကို အရယူပြီး အပြောင်းအလဲတွေ ပိုတိုး လုပ်ဆောင်နိုင်အောင် အားပေး တိုက်တွန်းဖို့ပါ။ တရုတ်နိုင်ငံနဲ့ မသက်ဆိုင်ပါဘူး”လို့ ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ နိုင်ငံရေး အစုအဖွဲ့တွေ အားလုံး ပါဝင်လာနိုင်အောင် နောက်ထပ် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ဆက်လုပ်ဆောင်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စတွေကို လောလောဆယ် အလေးထားပါတယ် လို့လည်း Mr. Toner က ပြောကြားသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။