လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ ကလင်တန် တိုက်တွန်းသင့် ဟုဆို

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ကလင်တန်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ မြန်မာ့ လူ့အခွင့်အရေး တိုးတက်အောင် ဆောင်ရွက်ဖို့ အဓိကထား တိုက်တွန်းသင့်တယ်လို့ Amnesty International ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က ကြေညာချက် ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။

2011.11.30
amnesty_intl_thai_protest_305_z.png အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဦးဆောင်ကာ မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတခု အဖြစ် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

AI အဖွဲ့ရဲ့ အရှေ့တောင်အာရှ ဆိုင်ရာ သုတေသနမှူး Benjamin Zawacki က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတိုးတက်မှု တွေ့နေရပေမယ့် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဆိုးဆိုးဝါးဝါး ရှိနေဆဲပဲလို့ ဆိုပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံး ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့၊ တိုင်းရင်းသား ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဖို့၊ အဓိပ္ပာယ် ပြည့်ဝတဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ မြန်မာ အစိုးရကို မစ္စစ် ကလင်တန် တိတိကျကျ တိုက်တွန်းသင့်တယ်လို့ သူက ပြောပါတယ်။

ကရင်၊ ကချင်၊ ရှမ်းပြည်နယ်တွေ အပါအဝင် တိုင်းရင်းသား ဒေသ အတော်များများမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေးကို စနစ်တကျ ချိုးဖေါက်နေတာတွေ ဆက်လက် တွေ့နေရသေးတယ်လို့ AI ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ မြန်မာ အစိုးရအတွက် ဂုဏ်ယူဖွယ် ခရီးသက်သက် မဖြစ်သင့်ဘူးလို့ မစ္စတာ ဇာဝါ့ကီးက ပြောပါတယ်။

မြန်မာအစိုးရဟာ နိုင်ငံရေး အကျဉ်းသား ၃၁၈ ဦးကို ဒီနှစ် အတွင်းမှာ ပြန်လွှတ်ပေးခဲ့တယ် ဆိုပေမယ့် ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား တစ်ထောင်ကျော် ကျန်နေသေးပြီး နိုင်ငံရေး အကျဉ်းသားတွေကို အခုလို အသုတ်ခွဲပြီး လွှတ်ပေးနေတာကလည်း နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေထဲက လုပ်ငန်းစဉ် တစ်ခု အနေနဲ့ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-30 18:58

GOOD