ကမ္ဘာ့ထိပ်တန်း တွေးခေါ်ပညာရှင် ၁၀၀ မှာ ဒေါ်အောင်ဆန်းစုကြည် ဖေါ်ပြခံရ
2011.11.30

Photo: RFA
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး Foreign Policy မဂ္ဂဇင်းက "အကယ်၍ မြန်မာနိုင်ငံ စစ်အာဏာရှင် ထမ်းပိုးအောက်က နောက်ဆုံး ရုန်းထွက်နိုင်ခဲ့တယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ကျွမ်းကျင်မှုက အဓိက အခန်းကဏ္ဍ ကနေ ပါဝင်နေလိမ့်မည်" လ့ို ရေးသား ဖေါ်ပြထားပါတယ်။
အခုနှစ် ကမ္ဘာ့ထိပ်တန်း အတွေးအခေါ် ပညာရှင် အဖြစ် နံပါတ် ၁ နေရာ ရွေးချယ်ခံရသူကတော့ အီဂျစ်နိုင်ငံသား သွားဆရာဝန်ကနေ ကမ္ဘာကျော် စာရေးဆရာ ဖြစ်လာသူ အာလာ အယ်လ် အက်စ်ဝါနီ (Alaa Al Aswany) ပါ။
၂၀၀၂ ခုမှာ ထုတ်ဝေတဲ့ သူ့စာအုပ် The Yacoubian Building ဟာ ကိုလိုနီ သံခြေချင်း အဖြုတ်ခံရပြီးနောက် အီဂျစ်ရဲ့ လူမှှုရေးနဲ့ ယဉ်ကျေးမှှု တစ်စတစ်စ ယိုယွင်းလာခဲ့ပုံကို ထူးခြားစွာ တင်ပြထားတဲ့ စာအုပ် ဖြစ်ပါတယ်။