ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အမှတ်တရ ပစ္စည်း ရောင်းအားကောင်း
2011.11.29

NLD
ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတွေသာမက အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတွေလည်း အရောင်းသွက်နေပြီး ဒီကနေ့မှာတင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗွီနိုင်းပုံတွေ အကုန် ရောင်းလိုက်ရတယ်လို့ အင်န်အယ်လ်ဒီ ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က
ပြောပါတယ်။
အင်န်အယ်လ်ဒီ ရုံးချုပ်မှာ ဖွင့်လှစ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ပစ္စည်း အရောင်းဆိုင်မှာ တိုင်းနဲ့ပြည်နယ် အသီးသီးက အင်န်အယ်လ်ဒီ ပါတီဝင်တွေ ဝယ်ယူကြသလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့
မြန်မာပြည် ခရီးစဉ် အတွက် သတင်းယူဖို့ ရောက်နေကြတဲ့ နိုင်ငံခြားသား သတင်းထောက်တွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေကလည်း ဝယ်ယူနေကြတယ်လို့ သိရပါတယ်။
ဟီလာရီ ကလင်တန်က ဒီဇင်ဘာ ၂ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ လာရောက် တွေ့ဆုံဖို့ ရှိတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝင်း အတွင်းနဲ့ ခြံပြင် တစ်ဝိုက်ကို စစ်ဝတ်စုံပြည့် အမေရိကန် ကွန်မန်ဒို တပ်သားတွေ ဒီကနေ့က စပြီး လုံခြုံရေး
ယူထားလိုက်ပြီလို့ သိရပါတယ်။