သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-25
အနည်းဆုံးအခကြေးငွေနှုန်းထားအသစ် သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ အလုပ်ရှင်ကိုယ်စားလှယ်တွေ၊ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်သမားအရေး ဆောင်ရွက်သူတွေ ဒီဇင်ဘာလ ၂၃ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ တေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-12-25
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်က လယ်မြေဧက ၂ဝဝ ကျော်မှာ တန်ဖိုးနည်းအိမ်ရာ နှစ်ခု ဆောက်လုပ် ဖို့ စီစဉ်နေတယ်လို့ တွံတေးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ်ဒေါက် တာကျော်ဇင်ဦး က ဒီကနေ့ ပြောပါတယ်။
2017-12-25
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကနေ အကြောင်းအမျိုးမျိုးကြောင့် မောင်တောမြို့နယ် ၃ မိုင်ကျေးရွာကို နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ မြိုတိုင်းရင်းသား ၅၀၀ ကျော် ရှိနေပြီလို့ ကူညီပေးနေတဲ့ ပရဟိတဆရာတော်က ဒီနေ့ မိန့်ပါတယ်။
2017-12-25
ရခိုင်မျိုးချစ်ပါတီ APP က နှစ်ပါတီပူးပေါင်းဖို့ ကမ်းလှမ်းထားတဲ့ကိစ္စကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီက မနေ့က ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်ကို လာမယ့် ဇန်နဝါရီလအတွင်း ထုတ်ပြန်သွားမယ်လို့ ALD ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော် က ဒီနေ့ ပြောပါတယ်။
2017-12-25
ကေအိုင်အေ ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့ အမှတ်(၁) ရပ်ကွက်အတွင်းကို မနေ့က အစိုးရ တပ်မတော်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် လေးလုံးကျ ခဲ့တာကြောင့် ဒေသခံကျောင်းဆရာမ တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီးနော်ဘူ က ဒီနေ့ ပြောပါတယ်။
2017-12-25
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၀ ရက်နေ့က ကရင်နီအမျိုးသားတိုးတက်ရေးပါတီက တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တာဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့် သေဆုံးခဲ့တာဖြစ်ပြီး တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ပြီး ဥပဒေမဲ့ သတ်ဖြတ်ခဲ့တာ မဟုတ်ဘူးလို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-12-24
မလေးရှားနိုင်ငံကို မြန်မာအလုပ်သမားစေလွှတ်မှု ရပ်ဆိုင်းထားတာ တစ်နှစ်ကျော်ကြာ မြင့်သွားပြီး ဖြစ်တာကြောင့် အလုပ်သမားပြန်လည်စေ လွှတ်နိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီအဖွဲ့ချုပ် MOEAF တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-12-24
ရှမ်းပြည်နယ်အတွင်း ရှမ်းပြည်ညီညွတ်ရေးကော် မတီ CSSU က ကျင်းပနေတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော်အပြင် ရှမ်းပြည်နယ် အစိုးရဘက်ကပါ တားမြစ်မှုတွေ ရှိလာတဲ့အတွက် ကျင်းပဖို့ ကျန်ရှိနေတဲ့ မြို့၄ မြို့မှာ ဆက်လက် မကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-12-24
သံလွင်မြစ်ထဲမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေအားလုံးကို ရပ်ဆိုင်းဖို့အတွက် ရှမ်းပြည်နယ် တောင်သူလယ်သမားများကွန်ယက်က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2017-12-24
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်အနီးမှာ မနေ့က လက်နက်ကြီးကျရောက်ပြီး လူထိခိုက် သေဆုံးမှုရှိခဲ့တာကြောင့် မူဆယ်မြို့ပေါ်မှာ တပ်မတော်၊ ရဲတပ်ဖဲ့ွနဲ့ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး လုံခြုံရေးယူထားတယ်လို့ မူဆယ်မြို့မ ရဲစခန်းက ဒုရဲမှူး အေးမြင့်က ဒီနေ့ ပြောပါတယ်။
2017-12-24
သံလွင်မြစ်ထဲမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကို ရပ်ဆိုင်းဖို့အတွက် ရှမ်းပြည်နယ်တွင်း မြို့နယ် ၁၇ ခုက တောင်သူလယ်သမား ၃၀၀ ကျော်ပါဝင်တဲ့ အစည်းအဝေးအပြီးမှာ ရှမ်းပြည်နယ် တောင်သူလယ်သမားများကွန်ယက်က ဒီနေ့ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2017-12-24
မြန်မာအလုပ်သမား စေလွှတ်မှု ရပ်ဆိုင်းထားတာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ မလေးရှားနိုင်ငံကို အလုပ်သမားပြန်လည်စေလွှတ်ဖို့ ၈၀ ရာခိုင်နှုန်းလောက် သေချာနေ ပြီ ဖြစ်ကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က ဒီနေ့ ပြောပါတယ်။
2017-12-24
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့က ရေမိုင် ၂၂ မိုင်အကွာ ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ရက်ပိုင်း က လေပြင်းတိုက်ခတ် ခဲ့တာကြောင့် ကျားဖောင် ၈၀ ကျော် နဲ့ ရေလုပ်သား ၂၅၀ ကျော်ရေထဲမျောပါ သွားခဲ့ရာ ဒီနေ့အထိ ရေလုပ်သား ၂၁၀ ကို ပြန်လည်ဆယ်ယူရရှိထားတယ်လို့ ဖျာပုံမြို့နယ် ငါးလုပ် ငန်းဦးစီးဌာန ဦးစီးမှူးက ပြောပါတယ်။
2017-12-24
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော်နဲ့ ရှမ်းပြည်နယ် အစိုးရဘက်က တားမြစ်မှုတွေရှိလာတဲ့အတွက် မြို့ ၄ မြို့မှာကျင်းပဖို့ ကျန်နေတာကို ရှမ်းပြည်ညီညွတ်ရေးကော် မတီ CSSU က ဖျက်သိမ်းလိုက်ပါတယ်။
2017-12-23
ရှမ်းပြည်နယ် မန်တုံမြို့က အမှတ် ၁၃၀ ခြေလျင်တပ်ရင်းဧရိယာ ပတ်လည် ၅ မိုင်အတွင်း မိုင်းတွေထောင်ထားပြီး ဒေသခံတွေရဲ့ သွားလာခွင့်တွေကို ကန့်သတ်လိုက်တာဟာ မလိုအပ်ဘဲလုပ်တယ်လို့ ယူဆတဲ့အတွက် တပ်ရင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းသွားမယ်လို့ မန်တုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က ပြောပါတယ်။