သံလွင်မြစ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကို ရပ်ဆိုင်းဖို့ တောင်းဆို


2017.12.24

သံလွင်မြစ်ထဲမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေအားလုံးကို ရပ်ဆိုင်းဖို့အတွက် ရှမ်းပြည်နယ် တောင်သူလယ်သမားများကွန်ယက်က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ် မြို့နယ် ၁၇ ခုက တောင်သူလယ်သမား ၃၀၀ ကျော်တက်ရောက်တဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလို တောင်းဆိုတာဖြစ်တယ်လို့ အစည်းအဝေးကျင်းပရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တန့်ယန်းလူငယ်အဖွဲ့က စိုင်းဘ က ပြောပါတယ်။

စိုင်းဘ ကို RFA သတင်းထောက် ကိုကျော်စိုးလင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။