မိုင်းထောင်ထားမှု တပ်ရင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမယ့်အကြောင်း မေးမြန်းချက်
2017.12.23
ရှမ်းပြည်နယ် မန်တုံမြို့က အမှတ် ၁၃၀ ခြေလျင်တပ်ရင်းဧရိယာ ပတ်လည် ၅ မိုင်အတွင်း မိုင်းတွေထောင်ထားပြီး ဒေသခံတွေရဲ့ သွားလာခွင့်တွေကို ကန့်သတ်လိုက်တာဟာ မလိုအပ်ဘဲလုပ်တယ်လို့ ယူဆတဲ့အတွက် တပ်ရင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းသွားမယ်လို့ မန်တုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က ပြောပါတယ်။
ဒေါ်နန်းမိုးကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။