သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-07-18
မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ဝက်နားရွက်ပြာ ရောဂါ ဖြစ်ပွားနေတဲ့ အတွက် မြန်မာနိုင်ငံဘက်က ဝက်တွေ မီဇိုရမ် ပြည်နယ်ထဲ တင်သွင်းတာကို ပိတ်လိုက်တယ်လို့ အိန္ဒိယတိ-မွေး-ကု ဌာနက ပြောပါတယ်။
2011-07-18
ဒီကနေ့ ကျရောက်တဲ့ (၆၄) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၂) ကြိမ် တက်ရောက်မယ်လို့ အန်အယ်လ်ဒီ ရုံးချုပ်က ပြောပါတယ်။
2011-07-18
၆၄ နှစ်မြောက် အာဇာနည်နေ့အတွက် RFA က သီးသန့် မေးမြန်းတင်ပြချက် တွေကို စုစည်းထားပါတယ်။
2011-07-18
မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ထုတ်ဖော် ပြောကြားခဲ့တဲ့ မြန်မာဒုက္ခသည် တဦးကို ဗဟိုအစိုးရ ရဲဌာနကို လွှဲပြောင်း ပေးအပ်မယ်လို့ သြစတေလျ အစိုးရက ဒီကနေ့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။
2011-07-18
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က လူကုန်ကူးမှု တခုကို ရန်ကုန် အခြေစိုက် အိုင်အယ်လ်အို အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ သွားရောက် တိုင်ကြားခဲ့တယ်လို့ ကာယကံရှင်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
2011-07-18
၆၄ နှစ်မြောက် အာဇာနည်နေ့မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူဦးရေ အကန့်အသတ်နဲ့ အာဇာနည် ဗိမာန်ကို နေ့ခင်းပိုင်းမှာ ချီတက်ပြီး လွမ်းသူ့ပန်းခွေ ချမယ်လို့ သိရပါတယ်။
2011-07-18
အာဇာနည်နေ့ကို အလေးအနက် မထားတာဟာ အာဇာနည် စိတ်ဓာတ်ကို တန်ဖိုး မထားရာ ရောက်သလို မြန်မာနိုင်ငံမှာ အာဇာနည် သူရဲကောင်းတွေ ပေါ်ထွက်လာမှာကို ကန့်သတ် ဖိနှိပ်တာမျိုးလည်း ဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
2011-07-18
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD က ဦးစီးပြီး အာဇာနည်နေ့ အခမ်းအနား ကျင်းပဖို့စီစဉ်နေကြောင်း သိရပါတယ်။
2011-07-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီ ဦးဝင်းတင်ဟာ ခြေထောက်တွေ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကြောင့် ဆေးရုံတက် ကုသမှု ခံယူနေရာမှာ မနေ့က ဆေးရုံက ဆင်းနိုင် မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ ဝေဒနာ မသက်သာတဲ့ အတွက် မဆင်းနိုင်သေးကြောင်း သိရပါတယ်။
2011-07-18
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တွေရဲ့ BG ခေါ် သွေးအကူအညီပေးရေး အဖွဲ့က မူလတန်း ကလေးတွေနဲ့ မိဘမဲ့ လေလွင့်ကလေးတွေ အတွက် အသက်မွေးဝမ်းကျောင်း သင်တန်းကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်းမှာ မနေ့က ဖွင့်လှစ်လိုက် ပါတယ်။
2011-07-17
KIO ကချင်လွတ်မြောက်ရေးအဖွဲနဲ့ ပြန်လည် ဖြစ်ပွားလာတဲ့ စစ်ပွဲတွေ ကြောင့် မြန်မာအစိုးရ တပ်ဖွဲ့တွေဟာ လက်နက်ရိက္ခာ သယ်ယူရေးအတွက် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသ တွေမှာ အရပ်သားတွေကို ပေါ်တာအထမ်းသမား အဖြစ် အဓမ္မဖမ်းဆီးနေတယ်လို့ သိရပါတယ်။
2011-07-17
အာစီယံအလှည့်ကျ ဥက္ကဋ္ဌနေရာကို ၂ဝ၁၄ ခုနှစ်မှာ မြန်မာကို ပေးသင့် မပေးသင့် နိုင်ငံတကာ အစိုးရတွေရဲ့ သဘောထားကို အာစီယံအဖွဲ့ အနေနဲ့ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ကြောင်း အာစီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်ကို ကိုးကားပြီး ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံမှာ ထုတ်ဝေတဲ့ ဂျာကာတာပို့စ် သတင်းစာက ရေးသားလိုက်ပါတယ်။
2011-07-17
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍနဲ့ မြန်မာအစိုးရသစ်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စ ဖြစ်ပေါ်လာရေးဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ ပိုပြီးမူတည်တယ် လို့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်က RFA ကို ဒီကနေ့ ထုတ်ဖော် ပြောကြားပါတယ်။
2011-07-17
ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက် မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုအခမ်းအနားကို လှိုင်သာယာမြို့နယ်က ‘အမေ့အိမ်’ ပညာဒါနကျောင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2011-07-17
လာမယ့် အင်္ဂါနေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား တက်ရောက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားကြောင်း မြန်မာအစိုးရအရာရှိတဦးက AFP သတင်းဌာနကို ဒီကနေ့ အတည်ပြု ပြောကြား လိုက်ပါတယ်။