ဦးဝင်းတင် ဆေးရုံက မဆင်းနိုင်သေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီ ဦးဝင်းတင်ဟာ ခြေထောက်တွေ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကြောင့် ဆေးရုံတက် ကုသမှု ခံယူနေရာမှာ မနေ့က ဆေးရုံက ဆင်းနိုင် မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ ဝေဒနာ မသက်သာတဲ့ အတွက် မဆင်းနိုင်သေးကြောင်း သိရပါတယ်။

2011.07.18

စနေနဲ့ တနင်္ဂနွေနေ့တွေမှာ သက်သာနေပေမည့် တနင်္ဂနွေညပိုင်းက စလို့ ဝေဒနာ ဆိုးဝါးလာကြောင်း၊ ဦးဝင်းတင်ကို စောင့်ရှောက် ကူညီနေတဲ့ ကိုရာဇာက RFA ကို ပြောပါတယ်။

ဆရာဦးဝင်းတင်ဟာ ရေယုံပေါက်ရာကနေ ခြေထောက်တွေ ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို သီတင်းပတ်ပေါင်း များစွာခံစားနေခဲ့ရပါတယ်။ သူ့ကို ကုသပေးနေတဲ့ ဦးနှောက်နဲ့အာရုံကြော သမားတော်ကြီးက ခါးရိုးထဲ ဆေးထိုးကုသဖို့ဆေးရုံတက်ခိုင်းတဲ့ အတွက် အာရှတော်ဝင် ဆေးရုံမှာ တက်ရောက် ကုသခံ နေရတာ ဖြစ်ပါတယ်။

အခုလို ရောဂါဝေဒနာ မသက်သာသေးတဲ့ အတွက် မူလက မှန်းထားသလို ဆေးရုံက ဆင်းရဖို့ မသေချာသေးဘူးလို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။