အာဇာနည်နေ့ အထူးအစီအစဉ်
2011.07.18

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်
အာဇာနည်နေ့ကို အလေးအနက် မထားတာဟာ အာဇာနည်စိတ်ဓာတ်ကို တန်ဖိုးမထားရာရောက်သလို မြန်မာနိုင်ငံမှာ အာဇာနည် သူရဲကောင်းတွေ ပေါ်ထွက်လာမှာကို ကန့်သတ်ဖိနှိပ်တာမျိုးလည်းဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့အကြိုနေ့မှာ RFA နဲ့ သီးသန့်မေးမြန်းရာမှာ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ အာဇာနည်ဆိုတာက သူ့စိတ်ဓါတ်ကိုက ထူးကဲတာမို့လို့ ဘယ်လိုအခြေအနေမျိုးမှာမဆို အချိန်တန်ရင်တော့ ပေါ်ပေါက်လာကြမှာပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်တွေကို ဆက်သွယ်မေးမြန်းပြီး ဦးခင်မောင်စိုး စုစည်းတင်ပြထားတာကို နားဆင်နိုင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
အသံဖိုင်ယူရန်
ဒဂုန်တာရာ နဲ့ ဦးလွင်တို့ရဲ့ ပြန်ပြောင်း ပြောပြချက်
တက္ကသိုလ်ကျောင်းသားဘ၀ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သူငယ်ချင်းဖြစ်သူ ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာနဲ့ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးစဉ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ကလပ်ကို နေအိမ်ကနေ ဂျူဗလီဟောအထိ သယ်ဆောင်ရာမှာ အထူးလုံခြုံရေး တာဝန်ယူခဲ့တဲ့ NLD ခေါင်းဆောင် ဦးလွင်တို့ရဲ့ ပြန်ပြောင်း ပြောပြချက်တွေကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
ဒဂုန်တာရာ နဲ့ ဦးလွင်
အသံဖိုင်ယူရန်
ဦးရာဇတ် သမီး ဒေါ်ခင်ခင်စိန်ရဲ့ အာဇာနည်နေ့ အမှတ်တရ ခံစားချက်
အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ သမီးဖြစ်သူ လက်ရှိ သြစတေးလျနိုင်ငံမှာ နေထိုင်နေတဲ့ ဒေါ်ခင်ခင်စိန်ရဲ့ အာဇာနည်နေ့ အမှတ်တရ ခံစားချက်ကို ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ဦးရာဇတ် သမီး ဒေါ်ခင်ခင်စိန် (၁)
အသံဖိုင်ယူရန်
ဦးရာဇတ် သမီး ဒေါ်ခင်ခင်စိန် (၂)
အသံဖိုင်ယူရန်
တိုင်းရင်းသား ခေါင်းဆောင်များရဲ့ အမြင်
၁၉၉၀-ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံ တနိုင်ငံလုံး အမတ်နေရာ တတိယ အများဆုံး ရရှိခဲ့တဲ့ ရခိုင်ဒ ီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ ဥက္ကဌ ဗိုလ်ချုပ် တာမလာဘော၊ KIA ကချင်လွတ်မြောက်ရေး အဖွဲ့ရဲ့ ဒု-ဥက္ကဌ ဂေါ်ရီဇော်ဆိုင်း၊ နာဂအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NNLD ရဲ့ ဥက္ကဌ ဦးဆောဆ တို့ရဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အမြင် သဘောထားတွေ ဦးခင်မောင်စိုးမင်း က စုစည်း တင်ပြထားပါတယ်။
တိုင်းရင်းသား ခေါင်းဆောင်များ
အသံဖိုင်ယူရန်
စာရေးဆရာ သန်းဝင်းလှိုင်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အထုပ္ပတ္တိတွေ၊ ဗိုလ်ချုပ်တို့ကို လုပ်ကြံလိုက်တဲ့ ဂဠုန်ဦးစောနဲ့ အပေါင်းအပါတွေရဲ့ အကြောင်းတွေ လေ့လာရေးသား ပြုစုခဲ့တဲ့ စာရေးဆရာ သန်းဝင်းလှိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
စာရေးဆရာ သန်းဝင်းလှိုင်
အသံဖိုင်ယူရန်
သခင်ချန်ထွန်း
အန်အယ်ဒီရုံးချုပ်ကနေ အာဇာနည်ဗိမာန်ကို လမ်းလျှောက်ချီတက်ရာမှာ ပါဝင်တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
အာဇာနည်နေ့ အလံတိုင်ဝက်လွှင့်မှု
အန်အယ်လ်ဒီပါတီ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦး၊ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၊ မန္တလေးမြို့က စာရေးဆရာ နေဝင်းမြင့်၊ နာမည်ကျော် ရော့ခ်ဂီတအဆိုတော် ဇော်ဝင်းထွဋ်၊ Generation Wave အဖွဲ့ခေါင်းဆောင် လူငယ်ဟစ်ပ်ဟော့ အဆိုတော် ဇေယျာသော်၊ ရန်ကုန်၊ကျောက်ပန်းတောင်း၊ ဘိုကလေးမြို့ခံတွေနဲ့ ဆက်သွယ်ပြီး အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ ဆက်သွယ်စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။
အာဇာနည်နေ့ အလံတိုင်ဝက်လွှင့်မှု
အသံဖိုင်ယူရန်