စစ်ရေးပဋိပက္ခကြောင့် ကချင်ဒေသအတွင်း ပေါ်တာဆွဲနေ

KIO ကချင်လွတ်မြောက်ရေးအဖွဲနဲ့ ပြန်လည် ဖြစ်ပွားလာတဲ့ စစ်ပွဲတွေ ကြောင့် မြန်မာအစိုးရ တပ်ဖွဲ့တွေဟာ လက်နက်ရိက္ခာ သယ်ယူရေးအတွက် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသ တွေမှာ အရပ်သားတွေကို ပေါ်တာအထမ်းသမား အဖြစ် အဓမ္မဖမ်းဆီးနေတယ်လို့ သိရပါတယ်။

2011.07.17

ဒါ့အပြင် လမ်းတံတား လုံခြုံရေးအတွက် ဆိုပြီး အရပ်သားတွေကို ညစောင့်အဖြစ် အဓမ္မ ခိုင်းစေနေတယ်လို့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းကို ခရီးသွားခဲ့တဲ့ ဒေသခံတဦးက ပြောပါတယ်။

“လမ်းမှာ အစောင့်တွေ အတော်များတယ်။ တံတားပေါက်စနလေးတွေကစပြီး တပ်တွေချထားတယ်။ စစ်ဆေးရေးကတော့ တော်တော်လေးစစ်တယ်။ အတက်ကားကို ပိုရှာတယ်။ အဓိကကတော့ သူတို့ တံတားချိုးမှာ ကြောက်နေတယ်။ မြစ်ကြီးနားမြို့ပေါ်မှာ အပြင်ထွက်တဲ့လူတွေ ပေါ်တာဆွဲတယ်။ ဝိုင်းမော်ဘက်က ပိုဆိုးတယ်။ ကျနော် အခု မြစ်ကြီးနား၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်းကနေ အခု စစ်ကိုင်းတိုင်းထဲ ရောက်လာခဲ့ပြီ။ အဲဒီလမ်းကြော တော်တော်များများ နေရာတွေမှာတော့ တပ်တွေ ချထားတယ်”

တိုက်ပွဲတွေကြောင့် ဒေသခံ ကချင်ပြည်သူတွေဟာ KIO ထိန်းချုပ်ရာ နယ်မြေတွေမှာ သွားရောက် ခိုလှုံကြရသလို အများအပြားက IDP ခေါ် ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေ အဖြစ် တောတောင်တွေထဲမှာ ဖြစ်သလို ပုန်းအောင်းနေကြတယ်လို့ သိရပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ မြန်မာစစ်အစိုးရတို့ ၁၉၉၄ ခုနှစ်က အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းနဲ့ အခုနှစ် အစပိုင်းမှာ ပစ်ခတ်မှုတွေ ကြိုးကြားကြိုးကြား ဖြစ်ပွားခဲ့ရာကနေ ဇွန်လ ၁၃ ရက်နေ့ကစပြီး လက်နက်ကိုင် ပဋိပက္ခတွေ အတိအလင်း ပြန်လည် ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-07-17 11:19

AFKLJUYGIOHBNÆMÆ'