သွေးကူညီရေးအဖွဲ့က သက်မွေးဝမ်းကျောင်း သင်တန်းဖွင့်
2011.07.18

nldburma.org
သင်ပေးမယ့် ပညာတွေကတော့ မူလတန်းကျောင်း သင်ခန်းစာတွေ အပြင်၊ အခြေခံ ကွန်ပျူတာ သင်တန်း ပါသလို၊ ဆံပင်ညှပ်၊ ဂဟေဆော်၊ စက်ချုပ် စတဲ့ သက်မွေးဝမ်းကျောင်းမှု အတတ်ပညာ ၉ ရပ် ပါဝင်မှာ ဖြစ်တယ်လို့အဲဒီသင်တန်းကျောင်းနဲ့ ပတ်သက်လို့ ဦးဆောင်နေတဲ့ BG သွေးကူညီရေး တာဝန်ခံ ကိုညီညီက RFA ကို ပြောပါတယ်။
မနေ့ မနက်က ကျင်းပတဲ့ ကျောင်းဖွင့်ပွဲကို NLD ဒုဥက္ကဌ ဦးတင်ဦး တက်ရောက် ဖွင့်လှစ်ပေးခဲ့သလို အနုပညာရှင်တွေ ဖြစ်ကြတဲ့ အဆိုတော် ဆောင်းဦးလှိုင်၊ တေးရေး ကိုရဲလွင်၊ ကိုညီညီလွင်၊ ကိုညီထွေး၊ ဟစ်ဟော့ အဆိုတော် ဇေယျာသော်တို့လည်း တက်ရောက် အားပေးခဲ့ပါတယ်။
ဒီသင်တန်းကျောင်း ကိစ္စနဲ့ပတ်သက်လို့ BG သွေးကူညီရေးတာဝန်ခံ ကိုညီညီ ကို ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းခဲ့ ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |