သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-19
အစိုးရ ငြိမ်းချမ်းရေး ဖော်ဆာင်ရေး ကိုယ်စားလှယ် အဖွဲ့နဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ရဲ့ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကယားပြည်နယ် လွိုင်ကော်မြို့ တပ်နယ်ခန်းမမှာ ဒီနေ့ ဇွန်လ ၁၉ ရက်နေ့ကစလို့ ဇွန်လ ၂ဝ ရက်အထိ ကျင်းပနေပါတယ်။
2013-06-19
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် ၄ မြို့နယ်မှာ ကုမ္ပဏီတွေနဲ့စစ်တပ်က လယ်ဧက တစ်သောင်းကျော် သိမ်းယူထားတဲ့အတွက် လယ်သမားတွေအနေနဲ့ လယ်လုပ်ဖို့လည်း မှတ်ပုံတင်ခွင့် မရ၊ ထိုက်သင့်တဲ့လျော်ကြေးလည်းမရဘဲ အခက်တွေ့နေကြ တယ်လို့ သိရပါတယ်။
2013-06-19
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ပေါင်းပြီး တစ်ပါတီတည်းထူထောင်ဖို့ သဘောတူ ဆုံးဖြတ်တာဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပထမဆုံးဖြစ်ရပ် တစ်ခုဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောပါတယ်။
2013-06-18
ရေဘေး၊ ရောဂါဘယဘေးတွေ ကြုံတွေ့နိုင်ဖွယ်ရှိနေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေးနဲ့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ ဖြေရှင်းနိုင်အောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကို အားတက်သရော ကူညီပံ့ပိုးကြဖို့ ဗြိတိန်အစိုးရ နိုင်ငံ တကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး Alan Duncan က တိုက်တွန်းလိုက်ကြောင်း ဗြိတိန်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2013-06-18
ထိုင်း-မြန်မာနယ်စပ်က စခန်းတစ်ခုကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁ဝဝ ကျော်ကို ထိုင်းနိုင်ငံ တပ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအစိုးရ သတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
2013-06-18
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်ကြားမှာ အစိုးရတပ် လှုပ်ရှားစစ်ကြောင်းတစ်ကြောင်းက ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA တပ် စခန်းကို ဒီကနေ့ နေ့လည်ပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နှစ်နာရီကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။
2013-06-18
တနသာၤရီတိုင်း၊ ထားဝယ်မြို့၊ ကမြောကင်းလမ်းတောင်ဘက်မှာ အာဏာပိုင်တွေ သိမ်းယူထားတဲ့ လယ်ယာမြေဧက ၃ဝဝ ကျော်အတွက် လယ်သမားတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့က လယ် ၃ ဧက ကို ပေ ၄ဝ×၆ဝ မြေကွက်တစ်ကွက်နှုန်း လျော်ကြေးပေး သွားမယ်လို့ ဒီကနေ့ လယ်သမားတွေနဲ့ တွေ့ဆုံမှုမှာ ပြော ကြားခဲ့တယ်လို့ သိရပါတယ်။
2013-06-18
ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၈)ရပ်ကွက်မှာ ရွေနဂါးမင်းကုမ္ပဏီက သိမ်းယူထားတဲ့ (၄၄၆) ကျုံမနာကွင်းက လယ်ဧက ၁ဝဝ ကျော်မှာ လယ်သမား ၁၃ ဦးက လယ်ယာမြေတွေ ပြန်လည်လုပ်ကိုင်ခွင့် ရရှိဖို့အတွက် ဒီကနေ့ ထွန်ယက်စိုက်ပျိုးခဲ့ကြပါတယ်။
2013-06-18
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒုဥက္ကဌ ခူးဦးရယ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၄ ယောက်ပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ပြည်တောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ဒုတိယအကြိမ် ထပ်မံဆွေးနွေးဖို့ ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်ရှိသွားပြီလို့ သိရပါတယ်။
2013-06-18
မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာရှိခဲ့တဲ့ မူပိုင်ခွင့် ဥပဒေတွေဟာ ခေတ်နဲ့ မလျော်ညီတော့တဲ့အတွက် ပြန်လည်ရေး ဆွဲနေပြီဖြစ်ကြောင်း နေပြည်တော်မှာ ကျင်းပနေတဲ့ မူပိုင်ခွင့် ဥပဒေရေးဆွဲရေး ဆွေးနွေးပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
2013-06-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုလုံး ပြုပြင်မယ်ဆိုရင် ရှေ့နောက်မညီတဲ့ ပုဒ်မတစ်ခုချင်းစီကို စပြီးပြုပြင်ရမယ်လို့ ညီညွှတ်သောတိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့(UNA)တို့နဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက် ပါတယ်။
2013-06-18
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော် ဥက္ကဌ ( California State Assembly Speaker ) က အသိအမှတ်ပြုလွှာတစ်စောင်ကို တနင်္ဂနွေနေ့ညက ပေးအပ် ခဲ့ပါတယ်။
2013-06-17
လာမယ့် ၂ဝ၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌအဖြစ်တာဝန်ယူဖို့ မြန်မာ အစိုးရ ပြင်ဆင်ဆောင်ရွက်နေတာတွေဟာ အဆင်ပြေချောမွေ့နေတယ်လို့ သိရကြောင်း Jakarta Post သတင်းစာက ဖေါ်ပြပါတယ်။
2013-06-17
Facebook အပါအဝင် Social Media လို့ ခေါ်ဝေါ်ကြတဲ့ လူမှုကွန်ယက်တွေမှာ မဆင်မခြင် စည်းကမ်းမဲ့ ရေးသားကြတာတွေ၊ မှတ်ချက်ကွန်မင့်ပေးကြတာတွေ ပြုလုပ်တဲ့အခါမှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ပေါ်ထွက်လာနိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်းက တင်ပြ ဆွေးနွေးတင်ပြထားပါတယ်။
2013-06-17
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းဖို့၊ လယ်မြေတွေ မှာ တောင်သူတွေကို ထွန်ယက်စိုက်ပျိုး ခွင့်ပေးဖို့နဲ့ ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် ဒီကနေ့ဒေသခံတွေက တရားဝင်ခွင့်ပြုမိန့်နဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲမှာပါဝင်တဲ့ အလယ်တောရွာဒေသခံ မစန္ဒာက RFA ကို အခုလို ပြောပါတယ်။