လက်ပံတောင်းမှာ တရားဝင် ဆန္ဒပြ


2013.06.17

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းဖို့၊ လယ်မြေတွေမှာ တောင်သူတွေကို ထွန်ယက်စိုက်ပျိုးခွင့်ပေးဖို့နဲ့ ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့အတွက် ဒီကနေ့ဒေသခံတွေက တရားဝင်ခွင့်ပြုမိန့်နဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲမှာပါဝင်တဲ့ အလယ်တောရွာဒေသခံ မစန္ဒာက RFA ကို အခုလို ပြောပါတယ်။

"လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး၊ မီးလောင်ဗုံး တရားခံများကို ဖော်ထုတ်အရေးယူပေးရေး၊ မိမိတို့ လယ်ယာမြေများပေါ်မှာ ထွန်ယက်စိုက်ပျိုးရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် အဖမ်းဆီးခံရတဲ့ အကျဉ်းသားများကို လွှတ်ပေးရေးတို့ကို တောင်းဆိုပါတယ်၊ လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးဖို့ ကျမတို့ဒေသခံတွေက မျှော်လင့်နေတယ်ရှင့်၊ တရားဝင်ခွင့်ပြုမိန့်ရမယ်ဆိုရင် လုပ်သွားမှာပါ"

ဆားလင်းကြီးမြို့နယ် ရဲစခန်းခွင့်ပြုမိန့်နဲ့ ဆည်တဲ၊ မိုးကြိုးပြင်၊ ဖောင်းကထာ၊ ကျောက်ဖြူတိုင်၊ ဇီးတော၊ အလယ်တော၊ အလယ်ရွာ၊ ရွာသစ်နဲ့ တုံရွာစတဲ့ ကျေးရွာပေါင်း ၁ဝ ရွာက ဒေသခံ ၃ဝဝ လောက် ပါဝင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဒေသခံတွေဟာ တုံရွာရှေ့ကစတင်ကာ ချင်းတွင်းမြစ်ဆိပ်အထိ ချီတက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။