လူမှုကွန်ယက်များပေါ်တွင် စည်းကမ်းမဲ့ ရေးသားခြင်းရဲ့ အကျိုးဆက်
2013.06.17
Facebook အပါအဝင် Social Media လို့ ခေါ်ဝေါ်ကြတဲ့ လူမှုကွန်ယက်တွေမှာ လူမျိုးရေး၊ ဘာသာရေး ကိစ္စတွေကို မဆင်မခြင် စည်းကမ်းမဲ့ ရေးသားကြတာတွေ၊ မှတ်ချက် ကွန်မင့်ပေးကြတာတွေ ပြုလုပ်တဲ့အခါမှာ မလိုလားအပ်တဲ့ အကျိုးဆက်တွေ ပေါ်ထွက်လာနိုင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြထားပါတယ်။
အာအက်ဖ်အေ အဖွဲ့သား ဦးခင်မောင်ညိန်းက စီစဉ်တင်ဆက်ပြီး ဧည့်သည်တော်တွေအဖြစ် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော် အခြေစိုက် ၁၉၉ဝ ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆရာဝန်ကြီး ဒေါက်တာ တင့်ဆွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဘလော့ဂါ ကိုနေဘုန်းလတ်တို့ ပါဝင်ဆွေးနွေးထားပါတယ်။