သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-27
လက်ရှိ ကျိုက်ဒုံမြို့မှာ တိုက်ပွဲမရှိတော့ပေမဲ့ စစ်ကောင်စီတပ်က ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံ၊ ဘုရားသုံးဆူမြို့ နယ်ဘက်ကို ကင်းထောက်လေယာဉ် ပျံသန်းတာ ရှိတယ်လို့ ပြောပါတယ်။
2024-05-27
ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံ ငါးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။
2024-05-27
မြစ်ကြီးနားထောင်တွင်း ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့ အကျဉ်းသား ၁၃ ဦးကို စစ်ကောင်စီက ဧပြီလ ၂၉ ရက်နေ့မှာ ထောင်ဒဏ်သုံးနှစ်နဲ့ခြောက်လ ထပ်တိုးအမိန့်ချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ပြောပါတယ်။
2024-05-27
မြန်မာနိုင်ငံနယ်စပ်မှာ အဖမ်းခံထားရတဲ့ မော်ရိုကိုနိုင်ငံသား နှစ်ရာကျော် လွတ်မြောက်ရေးအတွက် အမြန်ဆုံး ကြားဝင်ဆောင်ရွက်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့ နှစ်ဆယ်က မော်ရိုကို အစိုးရကို တိုက်တွန်းလိုက်တယ်လို့ မော်ရိုကိုကမ္ဘာ့သတင်းမှာ ဖော်ပြထားပါတယ်။
2024-05-27
ပဲခူးတိုင်း ပျဉ်ပုံကြီးကျေးရွာမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခဲ့တာကြောင့် စာသင်ကျောင်းတစ်ကျောင်းနဲ့ နေအိမ်နှစ်ဆယ်ခန့် ပျက်စီးခဲ့ပါတယ်။
2024-05-27
ဝိုင်းမော်မြို့အထွက်နားမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း ဒေသခံ လေးဆယ်ခန့် ပိတ်မိခဲ့ပြီး ၂၆ ဦး ဒဏ်ရာရခဲ့ပါတယ်။
2024-05-27
စစ်ကောင်စီအသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာပြည်က လူငယ်တွေဟာ အိမ်နီးချင်းနိုင်ငံတွေကို ရတဲ့လမ်းကနေ ထွက်ပြေးနေကြရပါတယ်။
2024-05-27
ဘီးလင်းမြို့နယ်၊ ဘုရားဆိပ်အုပ်စု၊ တောသူဌေးကုန်းရွာကို မေလ ၂၄ ရက်နေ့က တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ်။
2024-05-27
ဗဟိုဘဏ်ဟာ လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၆ ခုကို အရေးယူလိုက်တယ်လို့ မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-05-27
မြစ်ခြေမြို့နယ်က ချမ်းသာကြီးရွာကို စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြးခဲ့ရပါတယ်။
2024-05-27
စစ်ကိုင်းမြို့ ရင်သွေးရတနာ ပုဂ္ဂလိကအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ထားထားဦးကို စစ်ကောင်စီက မေလ ၂၅ ရက်နေ့မှာ ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်တယ်လို့ ပြစ်ဒဏ်ချမှတ်ခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2024-05-27
ဂန့်ဂေါမြို့နယ်၊ အောင်မြေရွာ (ရှောက်ပင်ရွာ) ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ပါတယ်။
2024-05-26
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် နဘူးအိုင်ရွာမှာ မေလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-26
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မေလ ၂၆ ရက်က သွားရောက်တိုက်ခိုက်ချိန် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် (၈၁၅) ရဲ့ နိုင်ငံရေးမှူးတစ်ဦး သေဆုံးသွားတယ်လို့ PLA က ထုတ်ပြန်ထားပါတယ်။
2024-05-26
ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံ ခြောက်သောင်းကျော်ဟာလည်း အိန္ဒိယနိုင်ငံမှာ ထွက်ပြေးခိုလှုံနေရပါတယ်။