သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-26
ကရင်ပြည်နယ် မြဝတီမြို့ နယ်ခြားစောင့်တပ်ဖွဲ့ BGF ဂိတ်စခန်းတစ်ခုမှာ ရပ်နားထားတဲ့ လိုင်စင်မဲ့ကား အစီး ၂၀၀ နီးပါးကို တပ်မတော်က ဝင်ရောက်စစ်ဆေးရာကနေ နှစ်ဖက်တပ်ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့ပါတယ်။
2018-03-26
နှစ်နှစ်သား NLD အစိုးရ ဆက်ခံရတဲ့ ကောင်းမွေ-ဆိုးမွေတွေထဲ မြန်မာစာအဆင့်အတန်း ကျဆင်းနေတာလည်းပါပြီး၊ လူထုကြားအမြန်ဆုံး ပျံ့နှံ့ရောက်ရှိတဲ့ သတင်းစာအရေးအသားတွေက မရှင်းလင်းဘဲ တခါတခါ တပ်ထားတဲ့ သတင်းခေါင်းစဉ်နဲ့ ဖော်ပြတဲ့ သတင်းမလွဲပေမဲ့ သတင်းဖတ်ရသူတွေ ဇဝေဇဝါဖြစ်ရတာတွေရှိတဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2018-03-25
ရခိုင်ပြည်နယ် စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်းမှာ ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း ထောင့်နှစ်ရာကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ခြောက်သိန်းကျော်ကို ရေချမ်းပြင် ရဲကင်းစခန်းက မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
2018-03-25
ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းငေါ့မြို့နယ်ခွဲက ပန်မုံရွာမှာ ဒီနေ့ မနက်က မိုင်းထိပြီး သံဃာ ၁ ပါး နဲ့ ကိုရင် နှစ်ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပန်မုံ ကျောင်းတိုက်က ဆရာတော် အရှင်သြဝါဒက မိန့်ကြားပါတယ်။
2018-03-25
ကရင်ပြည်နယ် မြဝတီမြို့ နယ်ခြားစောင့်တပ်ဖွဲ့ BGF ဂိတ်စခန်းတစ်ခုမှာ လိုင်စင်မဲ့ကား အစီး ၂၀၀ နီးပါးကို တပ်မတော်က ဝင်ရောက်စစ်ဆေးရာကနေ နှစ်ဖက်တပ်ခေါင်းဆောင်တွေအကြား သဘော ထားကွဲလွဲမှုတွေကို ဒီကနေ့ ဆွေးနွေးညှိနှိုင်းတာ ပြေလည်သွားတယ်လို့ BGF အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
2018-03-25
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ပုဂံမြို့သစ်ထဲက ရှေးဟောင်းအဆောက်အအုံဇုန်ထဲ မှာ မြတ်မင်းကုမ္ပဏီက ဟိုတယ်ဆောက်ဖို့ မြေတူးနေတာကို မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာအသင်းက ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-03-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပေးပို့ထားတဲ့ ဒုက္ခသည်စာရင်းထဲက မြန်မာအစိုးရ စိစစ်ခွင့်ပြုလိုက်သူတွေ ကို ပြန်ပို့မယ့်အစီအစဉ်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက အကြောင်းကြားခြင်း မရှိသေးဘူး လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ ပြောပါတယ်။
2018-03-25
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ခေါင်းဆောင်တွေကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့အဖွဲ့က SSPP ဌာနချုပ်ဝမ်ဟိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက သွားရောက်တေ့ွဆုံပြီး NCA လမ်းကြောင်းမှာ ပါဝင်လာနိုင်ရေး ဆွေးနွေးခဲ့ ပါတယ်။
2018-03-24
မတ်လ ၂၄ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ “သက်ငယ်မုဒိန်းမှှုတွေ လျော့ကျရေးအတွက် ဘာတွေ လိုအပ်နေလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေးမယ့် သူတွေက ကလေးသူငယ်တွေကို အကာ အကွယ်ပေးရေး အသိပညာပေး လုပ်ဆောင်နေသူ ၊ Yangon Academy International School ရဲ့ အမှုဆောင်ဒါရိုက်တာ (Managing Director) မရီသာ နဲ့ မသန်စွမ်း ကလေးငယ်တစ်ဦး အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာ ကိုစိန်လျှံထွန်း တို့ ဖြစ်ပါတယ်။
2018-03-24
တပ်မတော်၊ လက်နက်ကိုင်၊ အစိုးရနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ “မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ” ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နဲ့ ဖွဲ့စည်းကြောင်း မတ်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-03-24
ဂျပန်နိုင်ငံ လွှတ်တော်ရေးရာ နိုင်ငံခြားရေးဒုဝန်ကြီး Mr Iwao Horii ဟာ အကြမ်းဖက်မှုတွေဖြစ် ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို ဒီနေ့ နေ့လည်ပိုင်းက သွားရောက်လေ့လာခဲ့ပါတယ်။
2018-03-24
NCA စာချုပ်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပါဝင်လာနိုင်ရေးအတွက် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်တဲ့အဖွဲ့ဟာ SSPP/SSA ခေါင်းဆောင်တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။
2018-03-24
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ရဲ့ နုတ်ထွက်စာကို ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်မခံတဲ့အတွက် မြန်မာနိုင်ငံကို ပြန်လာတာဖြစ်တယ်လို့ ဦးဝင်းထိန်က ဒီနေ့ ပြောပါတယ်။
2018-03-24
ဧပြီလအတွင်း ကျင်းပဖို့ လျာထားတဲ့ မွန်ပြည်သစ်ပါတီရဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်အစီအစဉ်ကို ရွှေ့ဆိုင်းသွားမယ်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
2018-03-24
ဘင်္ဂလားဒေ့ရှ်ကနေ ပေးပို့ထားတဲ့ နေရပ်ပြန်လာမယ့်သူစာရင်း ၈ထောင်ကျော်ထဲမှာ မြန်မာနိုင်ငံ တွင်း နေထိုင်ခဲ့ဖူးတဲ့ အထောက်အထားအချက်အလက် စစ်ဆေးတေ့ွရှိထားသူ လူဦးရေ ၆၀၀ ကျော် ရရှိထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဒီနေ့ ပြောပါတယ်။