မွန်ပြည်နယ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲ
2018.03.24
တပ်မတော်၊ လက်နက်ကိုင်၊ အစိုးရနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ “မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ” ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နဲ့ ဖွဲ့စည်းကြောင်း မတ်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ တပ်မတော်ဘက်က လူဦးရေကန့်သတ်မှုတွေကြောင့် အောက်ခြေလူထုတွေ့ဆုံပွဲတွေ မကျင်းပနိုင်သေးတဲ့အတွက် အမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းသွားမယ်လို့ မွန်ပြည်သစ်ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားပါတယ်။