သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-20
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2019-02-20
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးကို ဒီကနေ့ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပခဲ့ပါတယ်။
2019-02-20
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပြိုင်းချကျေးရွာရဲ့အရှေ့ဘက် တောင်တန်းတွေမှာရှိနေတဲ့ AA ရက္ခိုင့်တပ်မတော်ကို အစိုးရတပ်မတော်က ဒီနေ့နေ့လယ်က ရဟတ်ယာဉ်နှစ်စီးသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။
2019-02-20
ရခိုင်ပြည်နယ်ထဲက ဒေသခံတိုင်းရင်းသား ပြည်သူတွေအနေနဲ့ တပ်မတော်ရဲ့လုပ်ဆောင်ချက်တွေ ကို ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြဖို့ ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်း အဆိုကို တပ်မတော်က တင်သွင်းခဲ့ပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်က ဒီနေ့မှာ ပယ်ချလိုက်ပါတယ်။
2019-02-20
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ကို မွန်ပြည်သစ်ပါတီအပါအဝင် မွန်တိုင်းရင်းသားတွေ ပူးပေါင်းပါဝင်လာမှုဟာ မွန်ပြည်နယ်အတွက်သာမက ပြည်ထောင်စု တစ်ခုလုံးအတွက် အားတက်ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်လို့ ဒီနေ့ ကျရောက်တဲ့ ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
2019-02-19
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ဟာ လုံလောက်ခြင်း မရှိဘူးလို့ လူအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ HRW ရဲ့ အာရှတိုက်ဆိုင်ရာ ဒု-ညွှန်ကြားရေးမှူး Phil Robertson က RFA ကို ပြောလိုက်ပါတယ်။
2019-02-19
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ဖွဲ့စည်းလိုက်ပါတယ်။
2019-02-19
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားအထူးဒေသ (၄) က ယုန်ဘမ်းဒေသမှာ တရုတ်နိုင်ငံက ဒစ်ဂျစ်တယ် စီးပွားရေးဇုန် လုပ်ကိုင်ဖို့ ကြေညာလိုက်ကြောင်း တရုတ်မီဒီယာတွေနဲ့ နိုင်ငံတကာမီဒီယာတွေက ရေးသားဖော်ပြနေကြပါတယ်။
2019-02-19
ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နဲ့ မံစီမြို့အနီးက စစ်ဘေးဒုက္ခသည်တွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေးအတွက် ကချင်လူသားချင်းစာနာမှုကော်မတီ KHCC က ဒီကနေ့ မြစ်ကြီးနားမြို့မှာ ဆွေးနွေးခဲ့ပါတယ်။
2019-02-19
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် တံခွန်တိုင်ကျေးရွာ အနီးမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ ဒီနေ့မနက်က တိုက်ပွဲကြောင့် RCSS အဖွဲ့က တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
2019-02-19
ပြည်ထောင်စုရာထူးဝန်အဖွဲ့နဲ့ အစိုးရတို့က နိုင်ငံတကာအသိမှတ်မပြုတဲ့ ပြည်ပတက္ကသိုလ်၂ခုနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့အပေါ် ဥပဒေအရ စုံစမ်းစစ်ဆေးပေးဖို့အတွက် နိုင်ငံတော်သမ္မထံ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နဲ့ ဆောင်းပါးရှင် ကိုနေယံဦး တို့က တိုင်ကြားခဲ့ပါတယ်။
2019-02-19
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အပါအဝင် ၁၄၃ ဦး တင်သွင်းထားတဲ့ ဖဲ့ွစည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့မူကြမ်းကို လေ့လာသုံးသပ်ဖို့အတွက် အဖွဲ့ဝင် ၃၀ ပါတဲ့ ကော်မတီကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်ပါတယ်။
2019-02-19
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ဟာ သက်ဆိုင်ရာဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်မရခင်ကတည်းက သူနဲ့နီးစပ်တဲ့ ကုမ္ပဏီတွေကို ဆောက်လုပ်ခွင့်ပေးခဲ့တဲ့ ဆောက်လုပ်ရေးစီမံကိန်း ၃ခု ရှိတဲ့အကြောင်း ဒီနေ့ တိုင်းလွှတ်တော်မှာ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီက တင်ပြလိုက်ပါတယ်။
2019-02-19
ရန်ကုန်ုတိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ထဲက Honda (Myanmar) အထပ်သားစက်ရုံ မီးလောင်မှုမှာ အလုပ်သမားတစ်ဦး သေဆုံးပြီး ၁၃ ဦးက ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
2019-02-19
အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ ပုဂ္ဂလိကပိုင်းဆိုင်ရာနဲ့ ယာယီတာဝန်ကိစ္စတွေကလွဲပြီး စစ်ဘက်ဆိုင်ရာ ကိစ္စတွေမှာ အရပ်သားခရီးသည်တင်ယာဉ်တွေကို တပ်မတော်သားတွေ အသုံးပြုတာ မရှိဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။