ဖွဲ့စည်းပုံပြင်ဆင်ရေးမူကြမ်းကို သုံးသပ်ဖို့ ကော်မတီဖဲ့ွစည်း
2019.02.19
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အပါအဝင် ၁၄၃ ဦး တင်သွင်းထားတဲ့ ဖဲ့ွစည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့မူကြမ်း ကို လေ့လာသုံးသပ်ဖို့အတွက် အဖွဲ့ဝင် ၃၀ ပါတဲ့ ကော်မတီကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်ပါတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ရေးနဲ့ဆိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ပါ ပြဌာန်းချက်ကို ပြင်ဆင်ထားတဲ့ မူကြမ်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သားတွေနဲ့ ကိုယ်စားလှယ်အချို့က ဖေဖော်ဝါရီလ ၈ ရက်က လွှတ်တော်နာယကထံ တင်ပြခဲ့တာပါ။
လေ့လာသုံးသပ်မယ့် ကော်မတီမှာ အင်န်အလ်ဒီပါတီ လမ်းမတော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး အဲဒီကော်မတီမှာ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ ပါတီပေါင်းစုံက ကိုယ်စားလှယ်တွေ ပါဝင်တာတွေ့ရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပု့ိတာပါ။