သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-25
အရင်နှစ်မှာ ပြည်ပက အဝယ်များလို့ ကျားပုစွန် တစ်ပိဿာကို ငွေကျပ် နှစ်သောင်းဝန်းကျင်နဲ့ ရောင်းရပေမယ့် ဒီနှစ်မှာတော့ Export အဝယ်နည်းတာကြောင့် တစ်ပိဿာကို ငွေကျပ် ၁၂,၀၀၀ လောက်ပဲရတယ်။
2023-10-25
ထောင်နှစ်ရှည် ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဒီသီတင်းပတ်ထဲမှာ စစ်ကောင်စီထံ စာနဲ့ တရားဝင် တင်ပြမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2023-10-25
စစ်အာဏာရှင်စနစ်ကို ချေမှုန်းပြီး ပင်လုံကတိအတိုင်း ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်နိုင်ဖို့ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
2023-10-24
အခုလို မြန်မာစစ်ခေါင်းဆောင်တွေကို ဖိလစ်ပိုင်နိုင်ငံမှာ တရားစွဲဆိုဖို့ လျှောက်ထားလိုက်တာဟာ ပြင်းထန်တဲ့ သတိပေးချက်တစ်ခု ဖြစ်တယ်လို့ ဖိလစ်ပိုင် ရှေ့နေ ဂေးလ်ဘတ် အန်ဒရေ က ပြောပါတယ်။
2023-10-24
စင်ကာပူက မြန်မာတွေဟာ အာဏာသိမ်းတာကိုဆန့်ကျင်ရာမှာ တက်ကြွတယ်လို့ နာမည်ရသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ စင်ကာပူမှာ စစ်ကောင်စီကိုထောက်ခံတဲ့ အင်အားစုတွေလည်း ရှိနေကြပါတယ်။
2023-10-24
၂၀၂၃ မေလကနေ ဩဂုတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၇၂ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဟာ ဖြတ်လေးဖြတ်ဗျူဟာအဖြစ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်တာလို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။
2023-10-24
မြန်မာစစ်ကောင်စီကို အင်အားချိနဲ့သွားစေဖို့အတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ပိုမိုထိရောက်တဲ့ လမ်းကြောင်းတွေကို ညှိနှိုင်းလုပ်ဆောင်ရမဲ့အချိန်ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူး က တိုက်တွန်းလိုက်ပါတယ်။
2023-10-24
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ခေတ္တခိုလှုံနေကြတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့ ဝန်ထမ်းတွေ၊ CDM ကျောင်းသားလူငယ်တွေဟာ နေထိုင်စားသောက်ရေး အခက်အခဲရှိကြပါတယ်။
2023-10-24
ဈေးဆိုင်သိမ်းပြီး ပြန်လာတဲ့ အသက် ၂၃ နှစ်အရွယ် ရွှေရတီကုန်စုံဆိုင်ပိုင်ရှင် မယူတီနှင့် ဆိုင်အကူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တို့ ပစ်သတ်ခံလိုက်ရတာလို့ ပြောပါတယ်။
2023-10-24
နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန် လျှောက်လဲချက်ပေးဖို့ တရားရုံးက အချိန်တိုးမြှင့်ခွင့်ပြုလိုက်ပါတယ်။
2023-10-24
အောက်တိုဘာ ၂၀ ရက်ကနေ ၂၄ ရက်အထိ ငါးရက်အတွင်း လူမှုကွန်ရက် စာမျက်နှာမှာ စစ်ကောင်စီကို ဝေဖန်ရေးသားသူ ကိုးဦးကိုဖမ်းဆီးထားကြောင်း စစ်ကောင်စီသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2023-10-24
အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့်ကို နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ပြန်ခွင့်ပြုလိုက်ပါတယ်။
2023-10-24
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ စစ်ကိုင်းတိုင်း မြို့နယ်လေးခုက အမျိုးသားခြောက်ဦးကို ငါးရက်အတွင်းမှာ စစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်တယ်လို့ ဒေသခံတွေနဲ့ ရှေ့နေတွေကပြောပါတယ်။
2023-10-24
စစ်ကြောင်းဝင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ရွှေဘို ဘုန်းဘွဲ့ရွာမှာ အောက်တိုဘာ ၂၁ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး အသတ်ခံထားရတယ်လို့ ဒေသခံတွေနဲ့ PDF တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
2023-10-24
လင်ချန်းမြို့ ကုန်စည်ပြပွဲသွားတက်ချိန် အဖမ်းခံလိုက်ရတဲ့ ကိုးကန့်ဒေသက လုပ်ငန်းရှင် ၁၁ ဦး တစ်လနီးပါးကြာတဲ့အထိ အဆက်အသွယ် မရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။