သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-25
မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင်သတ်မှတ်ဖို့ သမ္မတဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်နာယကကို ပေးပို့ထားတဲ့ သဝဏ်လွှာကို အောက်တိုဘာလ ၂၃ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ပါတယ်။
2017-10-24
ရခိုင်ပြည်နယ်အရေးကို လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှု အကြောင်းပြ ပြီး နောက်ကွယ်ကနေ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာမှုတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာတဲ့အတွက် အထူးသတိထားစောင့်ကြည့် ကာကွယ် သွားမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2017-10-24
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လယ်ယာနဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကျပ်ငွေ ၅၀ ဘီလီယံရင်းနှီးမြှုပ်နှံပြီး ကူညီဆောင်ရွက်သွားမယ်လို့ အသင်းချုပ်တာဝန်ရှိသူတွေက ပြောပါတယ်။
2017-10-24
အောက်တိုဘာလ ၂၂ ရက်နေ့က စက်ရုံတစ်ရုံလုံးနီးပါး မီးလောင်ကျွမ်းခဲ့တဲ့ ထိုင်းနိုင်ငံ၊ နခွန်ပထုန်မြို့နယ်က လို့စ်တက်စ် ဆိုဖာစက်ရုံက မြန်မာအလုပ်သမား တစ်ထောင်နီပါးကို အလုပ်ပြန်ခန့်ပေးနိုင်ဖို့ စက်ရုံဘက်က တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
2017-10-24
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေ ပြန်လည်စိစစ်လက်ခံရေးနဲ့ ပတ်သက်ပြီး လုံခြုံရေး ကဏ္ဍဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေ ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
2017-10-24
တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့က ကမ္ဘောဇ မီနီဘဏ် (၁)မှာ ကျပ်သိန်း ၂၇၀ ကျော်ကို လက်နက်ကိုင်ဆောင်ထားသူတစ်ဦးက ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။
2017-10-24
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းယူခံလိုက်ရတဲ့ မြေယာတွေအတွက် အစားထိုးမြေဧက ၁၉၀၀ ကိုပြန်ပေးဖို့ မြေနေရာရှာဖွေပေးမှာဖြစ်ကြောင်း ဦးပိုင်ကုမ္ပဏီဘက်က ဒီကနေ့ ပြောကြားလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-10-24
ပုပ္ပါးတောင်ကလပ်ရဲ့ ပြောင်းလဲမှု အခြေအနေတွေကို လေ့လာဖို့အတွက် ပုပ္ပါးတောင်ကာကွယ်ရေး အဖွဲ့ကို မန္တလေးတိုင်းဝန်ကြီးချုပ်က ဖွဲ့စည်းဖို့ ညွှန်ကြားလိုက်တယ်လို့ ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင် က ပြောပါတယ်။
2017-10-24
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို တာမွေဟစ်တိုင်မှာ ဒီနေ့ ဆန္ဒပြဖို့စီစဉ်ထားတဲ့ ဦးမိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တာမွေမြို့နယ်ရဲစခန်းက မနေ့က ဖမ်းဆီးလိုက်ပြီး ဒီနေ့ တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2017-10-24
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
2017-10-24
အောက်တိုဘာ ၂၀ ရက်နေ့က စင်ကာပူအခြေစိုက် ISEAS အရှေ့တောင်အာရှ လေ့လာရေးဌာနမှာ ရခိုင်ပြည်နယ်တွင်းက မွတ်စလင်တွေအရေး ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။
2017-10-24
လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Rakhine Development Foundation) ရဲ့ ဥက္ကဌ ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထောက်လှမ်းရေးတွေက ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အဖွဲ့ဝင်ခေါင်းဆောင်တစ်ဦးလည်းဖြစ် ရခိုင်အမျိုးသမီးများအစည်းရုံးရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-10-24
နိုင်ငံတော်သမ္မတ ဦးထင်ကျော်က မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးနှစ် ပြောင်းလဲပြင်ဆင် သတ်မှတ်ဖို့ ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ထားတဲ့ သဝဏ်လွှာကို ဒီကနေ့ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးခဲ့ပါတယ်။
2017-10-24
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ မြေယာအရေးနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ တောင်သူတွေ လွတ်မြောက်ရေးအတွက် တောင်သူ ၃၀၀ ကျော်က ဒီကနေ့ ပြင်ဦးလွင်မြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2017-10-24
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းမှာ မြန်မာနိုင်ငံဘက်က အကျိုးအမြတ်ပိုမိုရရှိနိုင်ရေးအတွက် မြန်မာနဲ့ တရုတ်အစိုးရကြား အကျိုးအမြတ်ပြောင်းလဲသတ်မှတ်နိုင်ရေး ဆွေးနွေးနေပါတယ်။