မြိတ် KBZ မှာ လုယက်မှုဖြစ်ပွား


2017.10.24
myeik-kbz-robbery-622.jpg မြိတ်မြို့က ကမ္ဘောဇ မီနီဘဏ် (၁)မှာ အောက်တိုဘာလ ၂၄ ရက်နေ့က ဓါးပြတိုက်နေတာကို တွေ့ရစဉ်
.

တနသာၤရီတိုင်းဒေသကြီး မြိတ်မြို့က ကမ္ဘောဇ မီနီဘဏ် (၁)မှာ ကျပ်သိန်း ၂၇၀ ကျော်ကို လက်နက်ကိုင်ဆောင် ထားသူတစ်ဦးက ဝင်ရောက်လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။

CCTV မှတ်တမ်းနဲ့ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတယ်လို့ မြိတ်မြို့ ကမ္ဘောဇဘဏ် အကြီးတန်း အထွေထွေ မန်နေဂျာ ဦးစိုးတင်မောင်ဇော် က ပြောပါတယ်။

"စပြီးဖြစ်ထဲက သက်ဆိုင်ရာရဲစခန်းက မြိတ်ကစခန်းကို အကြောင်းကြားထားတယ်၊ ဖမ်းဆီးရ မိနိုင်ရေး ဆောင်ရွက်နေတယ်၊ မျက်နှာက သိပ်မသဲကွဲဘူး ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားတယ် CCTV က အပေါ်ကနေ ရိုက်ထားတာဆိုတော့ မျက်နှာကတော့ မသဲကွဲဘူး"

ဒီနေ့ နေ့လည် ၂ နာရီခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး ဘဏ်ကောင်တာမှာ ငွေအပ်ဖို့လာရောက်သူဟာ ကောင်တာပေါ် တင်ထားတဲ့ ငွေကျပ်သိန်း ၂၇၀ ကို သေနတ်ပြပြီး လုယူထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ တစ်ရက်တည်းမှာပဲ ရန်ကုန်မြို့ ဘုရင်နောင် ကမ္ဘောဇဘဏ်ခွဲကနေ  ငွေထုတ်ယူသွားသူတစ်ဦးထံကနေ ကျပ်သိန်း ၁၅၀၀ နီးပါးကို ဘဏ်အပြင်ဘက်မှာ လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။