ရခိုင်လယ်ယာကဏ္ဍဖံ့ွဖြိုးရေး ကျပ် ၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်


2017.10.24
rakhine-farm-622.jpg ရခိုင်ပြည်နယ်က မောင်တော်ဒေသက လယ်ယာတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လယ်ယာနဲ့ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က  ကျပ်ငွေ ၅၀ ဘီလီယံရင်းနှီးမြှုပ်နှံပြီး ကူညီဆောင်ရွက်သွားမယ်လို့ အသင်းချုပ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက် အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွဲ့ဖြိုးရေးစီမံကန်း UEHRD မှာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပူးပေါင်းလုပ်ဆောင် သွားမယ့်အခြေအနေတွေကို ဒီနေ့ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်းများအသင်းချုပ် UMFCCI မှာ အသင်းချုပ်တာဝန်ရှိသူတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

၃ နှစ်စီမံကိန်း ချမှတ်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အဲဒီ ၃ နှစ်စီမံကိန်းမှာ လတ်တလော ကူညီဖြေရှင်းပေး ရမယ့်လုပ်ငန်းစဉ်နဲ့ ရေတိုရေရှည်ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေမယ့်လုပ်ငန်းစဉ်ဆိုပြီး ၂၀၁၈ ကနေ ၂၀၂၀ အထိ အကောင်အထည်ဖော်မှာဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်းဆောင်ရွက်ရာမှာ ရေရှည်တည်တံ့ခိုင်မြဲမှုနဲ့ ရေရှည်အကျိုးဖြစ်ထွန်းမှုကို အဓိကအခြေခံပြီး ရခိုင်ပြည်နယ် အခြေပြု လယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီ Rakhine Agribusiness Public Co Ltd - RAPC ကိုဖွဲ့စည်းပြီး တဆင့်ချင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်ကိုလှူ ဒါန်းနေရုံထက် သွားရောက်ရင်းနှီးမြှုပ်နံှမှုက ရေရှည်မှာပိုထိရောက်မှာဖြစ်လို့ အခုလိုစီစဉ်ရ တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။