ရခိုင်လူမှုရေးခေါင်းဆောင်တစ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖမ်းဆီးခံရ
2017.10.24
လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ ရခိုင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (Rakhine Development Foundation) ရဲ့ ဥက္ကဌ ဦးဦးချစ်မောင်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထောက်လှမ်းရေးတွေက ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ အဖွဲ့ဝင်ခေါင်းဆောင်တစ်ဦးလည်းဖြစ် ရခိုင်အမျိုးသမီးများအစည်းရုံးရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။