ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ပြန်လည်လက်ခံရေး MoU ရေးထိုး


2017.10.24
bangladesh-myanmar-senior-officials-meeting-622.jpg မြန်မာ-ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိ တွေ့ဆုံပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့စဉ်
Photo: Win Ko Ko Latt/RFA

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေ ပြန်လည်စိစစ်လက်ခံရေးနဲ့ ပတ်သက်ပြီး လုံခြုံရေး ကဏ္ဍဆွေးနွေးမှုနဲ့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးတွေ ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီ နားလည်မှုစာချွန်လွှာ MoU ရေးထိုးပွဲကို နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်တွေထဲမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဆက်ဆံရေးရုံးတွေ တည်ထောင်ဖို့ လုံခြုံရေးကဏ္ဍဆွေးနွေးဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့တို့ ပါဝင်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတွေဟာ မြန်မာနိုင်ငံကို မနေ့က ရောက်ရှိနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။