သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-01-27
ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ကောင်စီတပ်တွေကို KIA နဲ့ ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဗန်းမော်လေယာဉ်ကွင်း ပတ်ဝန်းကျင်ကိုလည်း စိုးမိုးထားနိုင်ပြီလို့ ဒေသခံတွေနဲ့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2025-01-27
တောင်ကုတ်မြို့နယ် ပန်းတောင်း-တောင်ကုတ်လမ်းနဲ့ ပဲခူးတိုင်းအစပ်မှာရှိတဲ့ စစ်တပ်ရဲ့ မိုးထိတောင်အထိုင်စခန်းကို AA က ထိုးစစ်ဆင်နေတာကြောင့် ဇန်နဝါရီ ၂၇ ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
2025-01-27
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ရွာကို ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ငါးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2025-01-27
ချင်းပြည်နယ် ပလက်၀ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ရွှေ့ပြောင်းသွားတဲ့ ဒေသခံတစ်ရာနီးပါးအတွက် အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2025-01-27
ထိုင်းနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Provincial Electricity Authority (PEA) က မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားရောင်းချတာ ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ဖော်ပြပါတယ်။
2025-01-27
စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ ဧည့်စာရင်းအကြောင်းပြပြီးဖမ်းတာတွေ၊ စစ်ဆေးရေးဂိတ်တွေမှာ ဖုန်းတွေစစ်၊ လိုင်စင်တွေစစ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ဖမ်းပြီး စစ်သင်တန်းပို့တာတွေ ပိုများလာပါတယ်။
2025-01-27
မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကူအညီပေးတဲ့ တရုတ်နိုင်ငံကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၂၅ ရက်နေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးနေ့ အခမ်းအနားမှာ ပြောပါတယ်။
2025-01-26
ထိုင်းနိုင်ငံကတစ်ဆင့် လူကုန်ကူးခံရပြီး ကယ်တင်ဖို့ကျန်ရှိနေတဲ့ ဟောင်ကောင်ဒေသခံ ဆယ်ဦးမှာ ကိုးဦးက မြန်မာနိုင်ငံမှာဖြစ်ပြီး နောက်ထပ် တစ်ဦးက ကမ္ဘောဒီးယားနိုင်ငံမှာ ရှိနေတယ်လို့ ဆိုပါတယ်။
2025-01-26
ကျောက်မဲဆေးရုံကို စစ်ကောင်စီက ဇန်နဝါရီ ၂၅ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် သူနာပြုဆရာမ တစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး လူ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
2025-01-26
ဒီတပ်သားတွေဟာ စစ်မှုထမ်းဖို့ ဆန္ဒမရှိကြဘဲ အတင်းအဓမ္မစုဆောင်းတာကိုခံခဲ့ရပြီး စစ်မြေပြင်ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့သူတွေလို့ ဆိုပါတယ်။
2025-01-26
စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်တယ်လို့လည်း သတိပေးပါတယ်။
2025-01-26
အရင်စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်က နှစ်ရှည်စာချုပ်နဲ့ ငှားခဲ့တဲ့ မန္တလေးမြို့ ဗထူး ဘောလုံးကွင်းနဲ့ အောင်မြေမန္တလာ ဘောလုံးကွင်းပတ်လည်က ဆိုင်ခန်းနဲ့ နေအိမ် နှစ်ရာကျော်ကို ဇန်နဝါရီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
2025-01-26
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ သတင်းထောက် နှစ်ရာနီးပါး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက သတင်းသမား ၄၃ ဦးဟာ ဒီနေ့အထိ အကျဉ်းထောင်တွေထဲမှာ ဆက်လက် အကျဉ်းကျခံနေရတယ်လို့ IPCM က သတင်းထုတ်ပြန်ပါတယ်။
2025-01-26
မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ၁၉ ဦးခန့် သေဆုံးကာ ဆယ်ဦးကျော် ထိခိုက်ဒဏ်ရာရထားတယ်လို့ RFA ကို ပြောပါတယ်။
2025-01-26
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်တွေက အမျိုးသမီးတွေရဲ့ ဘဝရည်မှန်းချက်တွေ၊ အတွေ့အကြုံတွေကို RFA ဝိုင်းတော်သူ မခင်ခင်အိက အပတ်စဉ်တင်ပြနေပါတယ်။