သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-12-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နဲ့ မုံရွာကြေးနီတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က လက်ပန်းတောင်းတောင် အရေးအခင်းမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေ နိုင်ငံခြားပို့ပြီး ကုသရေးအတွက် ဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA ကို ပြောဆိုလိုက်ပါတယ်။
2012-12-19
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ကို အားပေးတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု က မြန်မာတပ်မတော်နဲ့ စစ်ရေးဆက်ဆံမှုတွေကို မကြာခင် စတင်တော့မယ့်လု့ိ မနေ့က ပြောဆိုလိုက်ပါတယ်။
2012-12-19
ထိုင်းနိုင်ငံ အလယ်ပိုင်း ဆူဖန်ဘူရီမြို့မှာရှိတဲ့ Agro-Pineapple Processing (APP) နာနတ်သီး စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား(၁၁၁)ယောက်တို့ဟာ အလုပ်ရှင်က အလုပ် (၃)ရက် ပိတ်မယ်ပြောပြီး ပိတ်ထားတာ (၁၀)ရက် ကျော်လာတဲ့အပြင်၊ ပတ်စပို့စ်တွေလည်း သိမ်းထားပြီး လုပ်ခလစာတွေလည်းမရရှိလို့ စားရေးသောက်ရေး အခက်တွေ့နေရတယ်လို့ သိရပါတယ်။
2012-12-19
လက်ပန်းတောင်းတောင် သပိတ်စခန်း ဖြိုခွဲခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော် အဆင့် တောင်းပန်ပွဲ၊ ဒဏ်ရာရ သူတွေကို ဆက်လက်ထောက် ပံ့ရေး၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ကို အပြည့်အဝထောက်ခံရေးစတဲ့ သဘောထားကြေငြာချက်တစ်စောင်ကို မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဆရာတော် ဦးဝီရသူ က ထုတ်ပြန်လိုက်ပါတယ်။
2012-12-19
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးဒေသ မရမ်းကျေးရွာ အထက်တန်းကျောင်းက ပထမတန်းနဲ့ ဒုတိယတန်းကျောင်းသား အယောက် ၂၀ ကျော်ဟာ ဒီကနေ့လည် ၁၂ နာရီ နေ့လည် ကျောင်းဆင်းချိန်မှာ ကျောင်းရှေ့မှာစိုက်ထားတဲ့ ကြက်ဆူသီး များကို စားမိတဲ့အတွက် မူးဝေအော့အန်ပြီး နမ္မတီး တိုက်နယ်ဆေးရုံ မှာ ဆေးကုသပေးနေရတယ်လို့ သိရှိရပါတယ်။
2012-12-18
လာမယ့် ၂၀၁၃ ခုနစ် နောက်ဆုံး ထားပြီး ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးအရ စုစည်းထားတဲ့ ညီလာခံတခုကို ပူးပေါင်းဖော်ဆောင်သွားဖို့ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ဒီကနေ့ သဘောတူညီခဲ့ကြတယ်လို့ သိရပါတယ်။
2012-12-18
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် SWAN ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့ က ရှမ်းပြည်နယ်အနှံ့ ဒေသခံပြည်သူလူထု နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာ လူမှုအသိုင်းအဝိုင်းတွေက ငြိမ်းချမ်းရေး တည်ဆောက်မှုကာလမှာ အဆက် မပြတ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအပေါ် စိတ်ပျက်မိကြောင်း ရင်ဖွင့်ပြောဆိုလိုက်တယ်လို့ SWAN အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ဟန်ဖ က ပြောပါတယ်။
2012-12-18
ကချင်ပြည်နယ်ကို ရောက်ရှိနေ တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ် ဦးဆောင်တဲ့ အဖွဲ့ဟာ မနေ့က မနက်ပိုင်းမှာ ဝိုင်းမော်မြို့နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေနဲ့ မြစ်ကြီးနားမြို့က HIV/AIDS ဝေဒနာ ရှင်တွေကို စောင့်ရှောက်ကုသပေးနေတဲ့ ဌာနတစ်ခု ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။
2012-12-18
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့နယ် မိုးကောင်း-ဖားကန့် ကားလမ်းပေါ်မှာ ရှိတဲ့ ကာမိုင်းမြို့နယ်ခွဲ ရဲစခန်းကို ဒီကနေ့မနက် ၄ နာရီ အချိန်လောက်က ခန့်မှန်း အင်အား လူဦးရေ ၅၀ လောက်ရှိတဲ့ ကေအိုင်အေ တပ်ရင်း ၆ လက်အောက်ခံတပ်က ဝင်ရောက်ပစ်ခတ် စီးနင်းခဲ့တဲ့အတွက် အဲ့ဒီစခန်းက ရဲဝန်ထမ်းနဲ့ မိသားစုဝင်တွေ အပါအဝင် ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
2012-12-18
လက်ပန်းတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့က သံဃာတော်အပါး ၂၀ ကျော်ဟာ ကျောက်တံတားမြို့နယ် ၃၆ လမ်းမှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပြီး အချက် ၃ ချက်ပါ သဘောထား ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
2012-12-18
မြန်မာနိုင်ငံမှာ ပထမဦးဆုံးကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်း သွားလာသူများနေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ မြန်မာနိုင်ငံရွေ့ပြောင်း အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဒီကနေ့ နံနက်ပိုင်းက နေပြည်တော်၊ MICC ခန်းမမှာ ကျင်းပပြုလုပ်ပါတယ်။
2012-12-18
နယ်စပ်ဒေသအခြေစိုက် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB ရဲ့ ပြည်တွင်း ခရီးစဉ် လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင် လမ်းမပေါ်က ရွှေရသာ စားသောက်ဆိုင်မှာ ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-12-18
တရုတ် ကွန်ဖူး ရုပ်ရှင်မင်းသား Jet Li ဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံ မှာ မြေငလျင်ဒါဏ်ကြောင့် ပျက်စီးခဲ့တာတွေ ပြန်လည်ပြုပြင်ဆောက်လုပ်ရေးမှာ တစ်တပ်တစ်အား ပါဝင်ကူညီသွားမယ်လို့ တရုတ် အထူးသတင်းဌာနတစ်ခုက ဖေါ်ပြလိုက်ပါတယ်။
2012-12-18
လူကုန်ကူးခံရပြီး ထိုင်းနိုင်ငံ၊ နခွန်ပသွန်ခရိုင်၊ နခွန်ပသွန်မြို့ ပန်းခြံမှာ အလုပ်စေခိုင်းခြင်း ခံနေရတဲ့ မြဝတီမြို့နယ် ကျောက်လုံးကြီးရပ်ကွက်က မြန်မာပြည်သား(၈)ဦးကို ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများ အသင်း (MAT) အဖွဲ့က မနေ့ညက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
2012-12-17
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်အတွက် Ion Ratiu ဒီမိုကရေစီဆု ချီးမြှင့်လိုက်တယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Wilson Center ဥက္ကဌ နဲ့ ညွှန်ကြားရေးမှူး Jane Harman က မနေ့က ကြေငြာ လိုက်ပါတယ်။