ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့ ကြေးနီတောင် အရေး သဘောထားထုတ်ပြန်

လက်ပန်းတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့က သံဃာတော်အပါး ၂၀ ကျော်ဟာ ကျောက်တံတားမြို့နယ် ၃၆ လမ်းမှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ ဒီကနေ့ နေ့လည်ပိုင်းက သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပြီး အချက် ၃ ချက်ပါ သဘောထား ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

2012.12.18
lpd-monk-305 လက်ပန်းတောင်းတောင်အရေး ဗုဒ္ဓသာဝက ရဟန်းပျိုများအဖွဲ့က သဘောထားထုတ်ပြန်ချက် ဖတ်ကြားနေစဉ်
Photo : RFA/Kyaw Zaw Win

သမ္မတ ဦးသိန်းစိန် အနေနဲ့ လက်ပန်းတောင်းတောင်အရေးကိစ္စ အပါအဝင် ဘယ်ကိစ္စမျိုးကိုမဆို မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း ဆောင်ရွက်ပေးစေချင်တယ်လို့ ဦးဆောင်ဆရာတော် ဦးအိန္ဒြာဘ က သတင်းစာရှင်းလင်းပွဲမှာ အခုလို မိန့်ကြားခဲ့ပါတယ်။

" ဒီနေရာကနေ နိုင်ငံတော် သမ္မတဆီ အထူးအားဖြင့်ပြောကြားလိုတာ လက်ပန်းတောင်းတောင် ကိစ္စတွေနဲ့တကွ မည်သည့်ကိစ္စမဆို နိုင်ငံတော် အစိုးရအနေနဲ့ လျင်လျင်မြန်မြန်ဆောင်ရွက် ပေးပါလို့ ပြောကြားလိုပါတယ်"

သဘောထားထုတ်ပြန်ချက်ထဲမှာ လက်ပန်းတောင်းတောင် အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကို ဖော်ထုတ်ပေးဖို့၊ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး သံဃာတော်တွေ ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်အားဖြည့်ပေးခဲ့သူတွေကို ဖမ်းဆီးထားတာ ပြန်လည်လွှတ်ပေးဖို့နဲ့ လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီကို သံဃာတော်တွေက စောင့်ကြည့်သွားမယ့် အချက်တွေ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး မိမိတို့ရှေ့ဆက်ဆောင်ရွက်သွားမယ်လို့ သံဃာတော်တွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ မိန့်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က မန္တလေးမြို့မှာ လက်ပန်းတောင်းတောင် သပိတ်ဖြိုခွင်းခဲ့လို့  ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေ အပါအဝင် သံဃာတော် အပါး ၁ ရာနီးပါးကို  အစိုးရက ဝန်ချတောင်းပန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။