လက်ပန်းတောင်းတောင်အရေး ဆရာတော် ဦးဝီရသူ ကြေငြာချက်ထုတ်ပြန်
2012.12.19
ဒီကနေ့ ကြေငြာချက်နဲ့ ပတ်သက်ပြီး ဆရာတော် ဦးဝီရသူက RFAကို အခုလို မိန့်ပါတယ်။
" သံဃာတော်တွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒနဲ့ ပြည်သူတွေရဲ့ ဆိုးရိမ်သောကိုတွေ့နေရတော့ သံဃာတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒလည်းပြည့်ဝသွားအောင်၊ ပြည်သူတွေရဲ့ ဆိုးရိမ်သောကလည်း ပြေပျောက်သွားအောင် လက်ပန်းတောင်းတောင် ကိစ္စကို ပါဝင်ဆောင်ရွက်ရတဲ့အကြောင်း၊ လက်ပန်းတောင်းတောင် ကိစ္စနဲ့ ဖမ်းဆီးထားတဲ့ ပြည်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ဆိုတဲ့အကြောင်းတွေပါ"
ဒီကြေငြာချက်ဟာ နိုင်ငံတော်အဆင့်တောင်းပန်ပွဲ ပေါ်ပေါက်ရေး အားထုတ်ခဲ့မှုအပေါ်
အပြစ်လို့ ယူဆခဲ့ရင် သံဃာထုက ပေးတဲ့အပြစ်ဒဏ်ကို ခံယူသွားဖို့၊ လယ်တီဆရာတော်ဘုရားရဲ့သာသနာ့
အမွေအနှစ်ကို ခေတ်မီနည်းစနစ်တွေနဲ့ လုံခြုံစိတ်ချရတဲ့အထိ ဆောင်ရွက်ပေးဖို့၊ ဒဏ်ရာရသံဃာတွေကို
နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်ဆောင်ရွက်သွားဖို့နဲ့ စုံစမ်းရေးကော်မရှင်ကို
ထောက်ခံပြီး အဖြေမထွက်မချင်း ထိပ်တိုက်တိုးမယ့် အခြေအနေတွေကို ရှောင်ရှားကြဖို့စတဲ့ အချက်(၆) ချက် ပါဝင်ပါတယ်။
အခုဆိုရင် ဒဏ်ရာရသူတွေကို ထောက်ပံ့ဖို့ အလှူငွေ ကျပ်သိန်း၂၄၀ ကျော် ရရှိထားပြီး ပြည်ပထွက် ဆေးကုသမယ့် လူနာတွေ အတွက်နဲ့ ရေရှည်ကုသရမယ့် လူနာတွေအတွက် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။