ဒေါ်အောင်ဆန်းစုကြည်ကို Ion Ratiu ဒီမိုကရေစီဆုချီးမြှင့်
2012.12.17
ဒီမိုကရေစီရေးနဲ့ မြန်မာပြည်သူတွေအရေးရည်သန်ပြီး မဆုတ်မနစ်ဆောင်ရွက်လာတဲ့အတွက် ဒီဆုနဲ့ ထိုက်တန်သူအဖြစ် ချီးမြှင့်တာပါလို့လည်း ပြောကြားပါတယ်။
ဒီဆုကို ရန်ကုန်မှာ မြန်မာပြည်သူလူထုရှေ့မှောက်မှာ ချီးမြှင့်မယ့်အကြောင်း Wilson Center မှာရှိတဲ့ Global Women’s Leadership Initiative ညွှန်ကြားရေးမှူး Rangita de Silva de Alwis က ပြောပါတယ်။
Global Women’s Leadership Initative က ပူးတွဲ ကမကထလုပ်ပြီး ရန်ကုန်မှာ လာမယ့်နှစ် ဇန်နဝါရီလ ၁၅ ရက် နဲ့ ၁၆ ရက် နှစ်ရက်ကြာကျင်းပမယ့် မြန်မာနိုင်ငံ ဒီမိုကရေစီတည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်ကဏ္ဍနဲ့ ကမ္ဘာနဲ့ ဒေသ မဟာဗျူဟာများကို ကိုင်လှုပ်ခြင်းဆိုတဲ့ နှီးနှောဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က ဒီဆုကို လက်ခံရယူပါမယ်။
ဒါဟာ ဆုအပ်နှင်းခံရသူရဲ့ တိုင်းပြည်မှာ ပထမဆုံးအကြိမ်ဆုချီးမြှင့်တာလည်း ဖြစ်ပါတယ်။
ကွယ်လွန်သူ ရိုမေးနီးယား နိုင်ငံရေးသမား Ion Ratiu ရဲ့ဒီမိုကရေစီရေး တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တာကို ဖော်ကျူးပြီး ဒီဆုကို Ion Ratiu ဒီမိုကရေစီဆုလို့ သတ်မှတ်ခဲ့တာပါ။
Ion Ratiu ဟာ ရိုမေးနီးယားခေါင်းဆောင် ချောင်ဆက်စကူးကို ပွင့်ပွင့်လင်းလင်းပြောဆို ဆန့်ကျင်သူဖြစ်ပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၂ ခုနှစ်အတွက် Ion Ratiu ဒီမိုကရေစီဆု ချီးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ဒေါ်စမ်းစမ်းတင်က တင်ပြမှာပါ။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |