တရုတ် ကွန်ဖူး ရုပ်ရှင်မင်းသား Jet Li ငလျင်ဒါဏ်ခံစားခဲ့ရသူများကို ကူညီမည်
2012.12.18
မင်းသား လီရဲ့ One Foundation ကုသိုလ်ဖြစ်အသင်းဟာ ငလျင်ကြောင့် ပျက်စီးသွားတဲ့ စာသင်ကျောင်းသုံးကျောင်းပြန်လည်တည်ဆောက်ရာမှာ ကူညီသွားမယ့်အကြောင်း မြန်မာနိုင်ငံအခြေစိုက် တရုတ်ဘာသာနဲ့ထုတ်ဝေတဲ့ MMGP Media သတင်းမှာ ဖေါ်ပြထားပါတယ်။
ဒီသတင်းကို MMGP က ထုတ်ပြန်ခဲ့တဲ့အချိန်က One Foundation ကုသိုလ်ဖြစ်အသင်းရဲ့ Website မှာ သတင်းထုတ်ပြန်ထားတာတော့ မတွေ့ရပါဘူး။
မြေငလျင်ဒါဏ်ကြောင့် လူပေါင်း ၇၀ လောက် ထိခိုက် ဒါဏ်ရာရရှိခဲ့ပြီး လူအမြောက်အများ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါပြီး ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီပုထိုးတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတစ်လုံး ပြိုကျပျက်စီးခဲ့ပါတယ်။