သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-12-17
ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၂ဝ ရက် အင်္ဂါနေ့ ရန်ကုန်မြို့မှာ သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။
2011-12-17
သတင်းစာဆရာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ လွတ်မြောက် လာပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ကူညီဖို့ “ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း” ကို ပြည်တွင်း သတင်းစာဆရာတွေ ကမကထပြုပြီး ထူထောင်မယ်လို့ သိရပါတယ်။
2011-12-16
ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးရာမှာ အထောက်အကူ ပြုနိုင်ဖို့် သုံးရက်ကြာ လေ့လာရေးခရီးအဖြစ် ဟာသသရုပ်ဆောင် ကိုဇာဂနာနဲ့ အဖွဲ့ဟာ ထိုင်းနိုင်ငံကို ဒီကနေ့ ရောက်လာပါတယ်။
2011-12-16
မြန်မာနိုင်ငံကို ဂျပန်အစိုးရပေးမယ့် ဖွံ့ဖြိုးရေးအကူအညီ ODA ဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူပြုမယ့် အကူအညီမျိုး ဖြစ်ဖို့ လိုအပ်ကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့က ဒီကနေ့ ပြောကြားခဲ့တယ်လို့သိရပါတယ်။
2011-12-16
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်ကို သိရအောင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ကြီး မနေ့က သွားရောက် တွေ့ဆုံတာပါ လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
2011-12-16
ရန်ကုန် ကြည့်မြင်တိုင် သာဓုကျောင်းတိုက်က ဖယ်ရှားပေးဖို့ သံဃာ့ မဟာနာယကအဖွဲ့က စာထုတ်ထားတဲ့ ရွှေညဝါ ဆရာတော် ဦးပညာသီဟက သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ထံ မေတ္တာရပ်ခံစာတစ်စောင် ဒီကနေ့ ပေးပို့လိုက်ပါတယ်။
2011-12-15
နိုင်ငံရေးအကျဉ်းသား အရေအတွက် တိတိကျကျ ထုတ်ပြန်နိုင်အောင် မြန်မာ အစိုးရအပါအဝင် မည်သည့် အဖွဲ့ အစည်းနဲ့မဆို လက်တွဲဆောင်ရွက်နိုင် တယ်လို့ AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းက ဒီနေ့ ပြောလိုက်ပါတယ်။
2011-12-15
ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းကို ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှု စီမံကိန်းတစ်ခု ဖြစ်စေလိုကြောင်း ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ထားဝယ်ဒေသ ဖွံ့ဖြိုးရေးအဖွဲ့က မနေ့က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းလိုက်ပါတယ်။
2011-12-15
မြန်မာနိုင်ငံမှာ သတင်းမီဒီယာဥပဒေ ပြဋ္ဌာန်းသတ်မှတ်ဖို့ ပြည်သူ့လွှတ်တော်က ပြင်ဆင်နေရာမှာ သတင်းစာနယ်ဇင်း သမားတွေရဲ့ရှုထောင့်က တင်ပြချက်တွေ ပါဝင်နိုင်ဖို့ လာမယ့်ရက်ပိုင်းအတွင်း မီဒီယာဥပဒေဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ခု ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
2011-12-15
ဒီကနေ့ ဘန်ကောက်မှာ ထုတ်ပြန်တဲ့ UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇဝတ်မှု တိုက်ဖျက်ရေးရုံးရဲ့ ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှု မနှစ်ကထက် ၁၄% ပိုများလာတယ်လို့ ဖော်ပြလိုက်ပါတယ်။
2011-12-15
မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ အင်န်အယ်လ်ဒီ စာရင်းအရ ၆၀၀ နီးပါးရှိနေပြီး ပိုမိုတိကျအောင် ပြန်လည်စိစစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2011-12-15
နိုင်ငံရေး အထိမ်းအမှတ်ပွဲတွေ ကျင်းပလေ့ရှိတဲ့ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်က ရွှေညဝါဆရာတော် ဦးပညာသီဟကို ကျောင်းတိုက်ကနေ ဖယ်ရှားဖို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
2011-12-14
အောင်စိန်လင်းကုမ္မဏီပိုင် သစ်အချောထည်စက်ရုံက အလုပ်သမားတွေကို လုပ်ငန်းလိုအပ်ချက်မရှိတော့တဲ့အတွက်ဆိုကာ အလုပ်ထုတ်လိုက်လို့ အလုပ်သမားတွေက ဒီကနေ့ မနက်ပိုင်းမှာ တောင်းဆိုမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
2011-12-14
အိန္ဒိယ မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် အိန္ဒိယလွှတ်တော်အတွင်း မြန်မာလွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လာရောက် လေ့လာနေတာတွေကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2011-12-14
ပြုပြင်ပြောင်းလဲမှုတွေကို သိသာထင်ရှားစွာ ဆက်လက်လုပ်ဆောင်တဲ့အပေါ်မူတည်ပြီး ဂျပန်အစိုးရအကူအညီ ODA ပေးသင့်တယ်လို့ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ FTUB မြန်မာအလုပ်သမားသမဂ္ဂနဲ့ RENGO ဂျပန် အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေက ပန်ကြားခဲ့ပါတယ်။