သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌထံ ရွှေညဝါဆရာတော် မေတ္တာရပ်ခံစာပို့
2011.12.16

မေတ္တာရပ်ခံစာနဲ့အတူ ရွှေညဝါဆရာတော်ကို ထောက်ခံကြတဲ့ သံဃာတော်တွေအပါအဝင် ဒါယကာ ဒါယိကာမတွေရဲ့ လက်မှတ်ပေါင်း တစ်သောင်းနှစ်ထောင်ကိုပါ ပူးတွဲပေးပို့ခဲ့ကြောင်း ရွှေညဝါဆရာတော်က အာရ်အက်ဖ်အေကို မိန့်ပါတယ်။
“အခုနေ့ခင်းကပဲ တပည့်တပါးက မဟာနာယက အဖွဲ့ကို အယူခံလွှာ သွားပြီးတင်တယ်။ ကျုပ်ကို ထောက်ခံတဲ့ သံဃာရော၊ ဒကာ ဒကာမ ရော အားလုံးလက်မှတ်ပေါင်း သောင်း နှစ်ထောင်လောက် ရှိမှာပေါ့။ ထောက်ခံတဲ့လက်မှတ်တွေနဲ့ တွဲပြီး တင်လိုက်ပြီ။ စာထဲမှာကတော့ ကျုပ်တို့ ‘ထေရဝါဒ အဆုံးအမအတိုင်း ခေါ်ယူဆုံးမ နိုင်ပါကြောင်းနှင့် လိုက်နာကျင့်သုံးနိုင်ပါကြောင်း တင်ပြဦးခိုက်ပါသည် ဘုရား’ ပေါ့ဗျာ။ အဲဒီတော့ ဗန်းမော်ဆရာတော်၊ ဥက္ကဋ္ဌဆရာတော်ကြီးနဲ့ အကျိုးတော် ဆောင်ချုပ် ဆရာတော်ကြီး နှစ်ပါး၊ သူတို့ကလည်း ဒီလို စာရော၊ နှုတ်ရော လျှောက်ထားမယ်ဆိုရင်တော့ အားလုံး အဆင်ပြေသွားမှာပါ လို့ မိန့်လိုက်ပါတယ်”
လွန်ခဲ့တဲ့လတွေကစပြီး ရွှေညဝါဆရာတော်ကို သံဃာ့ မဟာနာယက အဖွဲ့က တရားဟောခွင့် ပိတ်ပင်ထားခဲ့တာပါ။
ဒီဇင်ဘာလ ၁ဝ ရက်နေ့က ရွှေညဝါဆရာတော်ရဲ့ သာဓုကျောင်းတိုက် ဝင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆုရရှိခြင်း အနှစ် (၂ဝ) ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့ပြီးနောက် ၁၂ ရက် နေ့မှာ အခုလို သံဃာ့ မဟာနာယကအဖွဲ့က စာထုတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့ကတော့ ရွှေညဝါဆရာတော်ဟာ မန္တလေးတိုင်း NLD ရုံးမှာ တရားဟောခဲ့တဲ့အတွက် အရေးယူတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သာဓု စာသင်တိုက်ကနေ ဖယ်ရှားဖို့ နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က အမိန့်ပေးခံရတဲ့ ရွှေညဝါဆရာတော်ကြီးကို ဦးကိုကိုအောင်က လျှောက်ထားမေးမြန်း တင်ပြထားပါတယ်။
![]() |
လျှောက်ထားမေးမြန်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |