သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-24
ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးစားနေတဲ့ မြန်မာလူထုကို အမေရိကန်က အခိုင်အမာ ထောက်ခံနေပါတယ်လို့ အမေရိကန် ဒု-သမ္မတ Kamala Harris က မနေ့က ပြောကြားလိုက်ပါတယ်။
2021-08-24
လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီဘက်က ကုလသမဂ္ဂ ကိုယ်စားပြုခွင့် လုံးဝရနိုင်မှာ မဟုတ် ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရသူ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောလိုက်ပါတယ်။
2021-08-24
စစ်ကောင်စီကို စစ်ရေးအရ ပြန်တိုက်မယ့် အချိန်ကာလသတ်မှတ်နိုင်ရေး အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ပြင်ဆင်နေချိန်မှာ KIA/KIO ရဲ့ ထုတ်ပြန်ချက် ထွက်လာတာဖြစ်ပါတယ်။
2021-08-24
ဒီအဖွဲ့လေးဖွဲ့ပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာတိကျတဲ့ နိုင်ငံရေးရည်မှန်းချက်ရှိတဲ့ အဖွဲ့တွေနဲ့ လက်တွဲသွားမယ်လို့လည်း ဆိုပါတယ်။
2021-08-24
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အာဏာသိမ်းစစ်ကောင်စီက သြဂုတ်လ ၂၀ ရက်ကစပြီး ဒီကနေ့ထိ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အပြင် ရဲနဲ့စစ်တပ်က တစ်မြို့လုံးကို မျက်ခြေမပြတ် စောင့်ကြည့်နေတာကြောင့် ဖားကန့်ဒေသမှာ စစ်တပ်နဲ့ (KIA) အကြား တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်ပူပန်မိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-24
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောင်လံလွှင့်ချီ နွေဦးထီကနေ ရရှိလာတဲ့ ငွေတွေကို CDM ဝန်ထမ်း လေးသိန်းတစ်သောင်းကို ထောက်ပံ့သွားမယ် လို့ NUG ရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင်က ဩဂုတ်လ ၂၄ ရက် ဒီနေ့ညနေပိုင်းမှာ ပြုလုပ်တဲ့ NUG သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
2021-08-24
မန္တလေးက မြို့နယ်အချို့မှာ NUG ၊ CRPH နဲ့ PDF အဖွဲ့တွေနဲ့ မပူးပေါင်းဖို့ စစ်ကောင်စီတပ်သားတွေက ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့ မနက်က လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံတွေက RFA ကပြောပါတယ်။
2021-08-24
ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲက မြို့ပေါ်နဲ့ မြို့အဝင်ဂိတ်တွေမှာ စစ်ကောင်စီ ဩဇာခံ စစ်သားနဲ့ ရဲတွေဟာ ကိုရိုနာဗိုင်းရပ်စ်အကြောင်းပြပြီး စစ်ဆေးမှုတွေ လုပ်နေသလို ငွေကြေးတောင်းယူမှုတွေရှိနေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-08-24
အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ လုံခြုံရေးကို ပိုတင်းကျပ်ထားသလို အခုရက်ပိုင်းအတွင်းမှာ ရန်ကုန် မြို့မှာ လူငယ်တွေဟာ သံသယနဲ့ ဆက်တိုက်ဖမ်းဆီးခံရတာတွေရှိနေပြီး မနေ့က ဩဂုတ်လ တစ်ရက်တည်းမှာ ရန်ကုန်မြို့မှာ လူပေါင်း ၃၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-24
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် မနေ့ကအထိ စစ်ဘေးဒုက္ခသည် တစ်သိန်းခုနစ်သောင်း လောက်အထိ ရှိလာနေပါတယ်။
2021-08-24
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့က အင်အားတိုးချဲ့မှုတွေ ရှိနေတာကြောင့် စစ်ရေးအရ တင်းမာမှုတွေ ရှိနေတယ်လို့ KNU ဒူးပလာယာခရိုင်က ဩဂုတ်လ ၂၄ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2021-08-24
ချင်းပြည်နယ် ကန်ပလက်မြို့မှာ ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို တစ်ဦးကို ငွေကျပ် ၁၀ သိန်းပေးရင် ပြန်လွှတ်ပေးမယ်လို့ ရပ်မိ ရပ်ဖအချို့ထံကနေ တစ်ဆင့် ကမ်းလှမ်းမှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2021-08-24
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နဲ့ ပြည်နယ်ဝန်ကြီး တချို့ အပါအဝင် လူခုနစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေကနေတဆင့် ဒီကနေ့ သြဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2021-08-24
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပ သစ်တော ကြိုးဝိုင်းအတွင်းက တစ်နိုင်တစ်ပိုင်သစ်ခိုးထုတ်မှုတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) တွေက စောင့်ကြည့်ဖမ်းဆီးခဲ့ရာမှာ ဒီနေ့အထိ သစ်ငါးတန်လောက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-24
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အောင်သစ်လွင်ရပ်ကွက်မှာ သြဂုတ်လ ၂၄ ရက်နေ့ ဒီနေ့မနက်က မိုးရွာသွန်းမှုများလို့ မြေပြိုတာကြောင့် ကိုးလသားအရွယ်ကလေးတစ်ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးသွားတယ်လို့ မိုးကုတ်မြို့ခံတွေက RFA ကို ပြောပါတယ်။