သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-07-22
ရခိုင်ပြည်နယ်က ၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ဘင်္ဂလားဒေ့်ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ အများအပြား သတ်ဖြတ်ခံရမှု၊ အင်ဒိုနီးရှား လူဝင်မှု အကျဉ်းစခန်းမှာ မြန်မာတွေ အသတ်ခံရမှု၊ မလေးရှားရောက် မြန်မာတွေ လုပ်ကြံခံရမှု၊ ဂျကာတာမြို့က မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်မှု၊ အင်ဒိုနီးရှားနဲ့ ဆီးရီးယားနိုင်ငံတို့က အစ္စလာမ် အစွန်းရောက် တွေက မြန်မာနိုင်ငံကို ဂျီဟတ်လို့ခေါ်တဲ့ ဘာသာရေး စစ်ဆင်နွှဲဖို့ ကြိမ်းဝါးမှု၊ အိန္ဒိယနိုင်ငံက ဗုဒ္ဓဂါယာကို ဗုံးခွဲတိုက်ခိုက်မှု၊ အခုနောက်ဆုံး မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူရဲ့တရားပွဲ ဖောက်ခွဲခံရမှု စတဲ့ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာခဲ့တဲ့ အခြေအနေတွေဟာ နိုင်ငံတကာမှာရှိတဲ့ မွတ်စလင် အစွန်းရောက် အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လာပြီဆိုတာ မီးမောင်းထိုးပြနေပြီလို့ လေ့လာသူတွေက ရှုမြင်ကြပါတယ်။
2013-07-22
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စာဘူးတောင်းကျေးရွာအုပ်စု၊ ကျွဲတည်းကျေးရွာကို မနေ့က ဇူလိုင်လ ၂၁ ရက်နေ့ နောက် ဆုံးထားပြီး ပြောင်းရွှေ့ပေးရမယ်လို့ စစ်တပ်က အမိန့် စာတွေ ထုတ်ပြန်ခဲ့ပါတယ်။
2013-07-22
လွှတ်တော်မှာ ဆွေးနွေးဖို့ လက်ခံထား တဲ့ တောင်သူလယ်သမား အကျိုးစီးပွားမြှင့် တင်ရေး ဥပဒေကြမ်းမှာ သိမ်းယူထားတဲ့ လယ်ယာမြေတွေ ကို ပြန်လည်ပေးအပ်ဖို့ မပါဝင်သလို လျော်ကြေးပေးမယ့် ကိစ္စတွေလည်း မပါဝင်တာကြောင့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်မယ့် ဥပဒေကိုရေးဆွဲဖို့ ပြင်ဆင်နေ တယ်လို့ တောင်သူလယ်သမားကွန်ရက်အဖွဲ့က ပြော ပါတယ်။
2013-07-22
၈ လေးလုံး ငွေရတု အခမ်းအနားအတွက် ရန်ပုံငွေရှာဖွေတဲ့အနေနဲ့ အနုပညာပြပွဲတစ်ရပ်ကို ဒီနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့ ပြည်လမ်းရှိ ယုဒသန်ခန်းမမှာ စတင်ဖွင့်လှစ်လိုက်ပြီး လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့အထိ အနုပညာပွဲကို ဆက်လက်ပြသသွားမှာဖြစ်ပါတယ်။
2013-07-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဗမာလူမျိုးအပါအဝင် တိုင်းရင်းသား အားလုံး ပင်လုံစိတ်ဓာတ်ကို ပြန်လည်ထူထောင်ဖို့ လိုအပ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-07-22
ရခိုင်ပြည်နယ် မောင်တောနယ်စပ် မှာ နိုင်ငံခြားသားများ မတရားဝင်ရောက်မှု တားဆီးကာကွယ်ရေးအဖွဲ့ (မကဖ) ကို ဖွဲ့စည်းထားရှိဖို့ စီစဉ်နေတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2013-07-22
မြန်မာနိုင်ငံမှာ ဘာသာရေးဆန်ဆန် ပဋိပက္ခတွေ ထပ်မံဖြစ်ပွားမှုမရှိအောင် ကာကွယ်တားဆီးနိုင်ဖို့အတွက် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့တွေကိုဖွဲ့စည်း ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်း လိုက်ပါတယ်။
2013-07-22
မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်၊ ၈၄×၈၅ လမ်းကြား ၃၆လမ်းပေါ်မှာ မနေ့ညဦးပိုင်းကကျင်းပတဲ့ တရားပွဲမှာ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း ဆရာတော် ဦးဝီရသူ ဟောကြားနေစဉ် ည ၉း၀၀ နာရီခန့်က ပေါက်ကွဲ မှု ဖြစ်ပွားခဲ့ပါတယ်။
2013-07-21
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူ မှုမှာ ပညာရေးဝန်ကြီးဌာန လက်အောက် မှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမဦးရေ ၁၂၀,၀၀၀ အကူအညီနဲ့ ၁၂ ရက်အတွင်း အပြီးကောက်ယူသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက RFA ကိုပြောပါတယ်။
2013-07-21
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီဖြစ်ကြောင်း အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-07-21
၂၀၁၄ ခုနစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရရုံးတွေ သွားရောက်ဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့ "ဝ" အထူးဒေသအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေစာရင်းကို ကောက်ယူသွားဖို့ ရှိနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးခင်ရီက RFA ကိုပြောကြားလိုက်ပါတယ်။
2013-07-21
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ကချင်ပြည်နယ် ဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက မိမိကို ဝရမ်းပြေးလို့ နာမည်တပ်ပြီး အခုချိန်ထိ ဘာမှ အသိပေးခြင်းမရှိဘဲ ဖားကန့်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတာဟာ တရားမျှတမှုမရှိဘူးလို့ ဒီကနေ့ပြောဆိုလိုက်ပါတယ်။
2013-07-21
ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ စစ်ပွဲအတွင်းမှာ ကလေးစစ်သား အသုံးမပြုရေးနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ခြင်း သဘောတူညီ ချက်စာချုပ်ကို Switzerland နိုင်ငံအခြေစိုက် Geneva Call အဖွဲ့နဲ့ ဒီကနေ့ ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင် ဟိုတယ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
2013-07-20
မြန်မာပြည်အနှံ့ကျင်းပခဲ့တဲ့ ယခင်နှစ်များထက် လွတ်လပ်တဲ့ အာဇာနည်နေ့ အခမ်းအနားတွေ၊ ပြည်သူ့လွတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းတက်ရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်က ဆွမ်းကျွေးပွဲနဲ့ မျိုးစောင့်ဥပဒေဆိုင်ရာ သဘောထားအမြင်တွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး က စီစဉ်တင်ဆက်ထားပါတယ်။
2013-07-20
မြန်မာနိုင်ငံတဝှမ်းမှာ စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေကို ပြန်ပေးတော့မယ်လို့ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ လွှတ်တော်အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။