ပြည်လုံးကျွတ် သန်းခေါင်စာရင်း ၁၂ ရက်အတွင်း အပြီးကောက်ယူမည်


2013.07.21

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူ မှုမှာ ပညာရေးဝန်ကြီးဌာန လက်အောက် မှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမဦးရေ ၁၂ဝ,ဝဝဝ အကူအညီနဲ့ ၁၂ ရက်အတွင်း အပြီးကောက်ယူသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက RFA ကိုပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာ အစိုးရရုံးတွေ သွားရောက်ဖွင့်လှစ်နိုင်ခြင်း မရှိသေးတဲ့ ဝ အထူးဒေသအပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ လူဦးရေစာရင်းကို ကောက်ယူသွားဖို့ ရှိနေတယ်လို့  ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

ဒါ့အပြင် ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားတွေလည်း ဒီတစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူမှုမှာ ထည့်သွင်းကောက်ယူသွားမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။