ကလေးနဲ့ အမျိုးသမီးများ အကာအကွယ်ပေးရေး သဘောတူညီချက် KNU လက်မှတ်ထိုး


2013.07.21

ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ စစ်ပွဲအတွင်းမှာ ကလေးစစ်သား အသုံးမပြုရေးနဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ခြင်း သဘောတူညီ ချက်စာချုပ်ကို Switzerland နိုင်ငံအခြေစိုက်  Geneva Call အဖွဲ့နဲ့ ဒီကနေ့ ကရင်ပြည်နယ် ဘားအံမြို့က ဇွဲကပင် ဟိုတယ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အခုလက်မှတ်ရေးထိုးတာဟာ ဒုတိယအကြိမ်မြောက် သဘောတူလက်မှတ် ရေးထိုးတာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်က စပြီး အသက် (၁၈) နှစ်မပြည့်သေးတဲ့ ကလေးတွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)မှာ ဝင်ရောက်တာဝန်ထမ်းဆောင်တာကို တားမြစ်ထားပြီးဖြစ်တယ်လို့လည်း  ဒီကနေ့ KNU အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Geneva Call အဖွဲ့က Senior Program Officer ဖြစ်သူ Christopher Rush ဦးဆောင်တဲ့အဖွဲ့က KNU ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် အဲဒီသဘောတူညီချက်ကို  လက်မှတ်ထိုးခဲ့တာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။