ဦးဝီရသူ တရားပွဲ ပေါက်ကွဲမှု ၅ ဦး ဆေးရုံတင်ရ


2013.07.22

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄×၈၅ လမ်းကြား ၃၆ လမ်းပေါ်မှာ မနေ့ညဦးပိုင်းကကျင်းပတဲ့ တရားပွဲမှာ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း ဆရာတော် ဦးဝီရသူ  ဟောကြားနေစဉ် ည  ၉းဝဝ နာရီခန့်က  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ မျက်မြင်သက်သေဖြစ်တဲ့ ဆရာတော်ရဲ့ တပည့် ဦးအောင်ကိုဝင်းက ကိုရင်တစ်ပါးနဲ့ အမျိုးသမီးကြီးတစ်ဦး ဒဏ်ရာရပုံကို အသေးစိပ်ပြောဆိုခဲ့ပါတယ်။

တရားမဏ္ဍပ် နောက်ကျောဖက်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီပေါက်ကွဲမှုကြောင့်  ဒဏ်ရာရသူတွေဖြစ်ကြတဲ့ အောင်မြေသာဇံမြီု့နယ်က ဒေါ်အေးခင်၊ အခြားအမည်မသိ အမျိုးသမီးကြီးတစ်ဦး၊ ကိုရင်ပညာသာမိ၊ ဦးကျော်ဝင်းနဲ့ မပန်းနုအောင် စသူတို့ ၅ ဦး အခုဆေးရုံတက်ရောက်ပြီး ကုသမှုခံယူနေကြောင်း၊ အဲဒီပေါက်ကွဲမှုမှာ ကားတစီးပျက်စီးခဲ့ပြီး အဲဒီကားကို မနေ့ကညသန်းခေါင်ကျော်မှာ သက်ဆိုင်ရာတွေက ယူဆောင်သွားကြောင်းနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆရာတော်ရဲ့ အသက်အန္တာရယ်ကို ခြိမ်းခြောက်မှုတွေရှိခဲ့ကြောင်း ဆရာတော် ဝီရသူက RFA ကို  မိန့်ကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။