ပင်လုံစိတ်ဓာတ် ပြန်လည် ထူထောင်ဖို့ ဒေါ်အောင်ဆန်း စုကြည်ပြောကြား


2013.07.22
dassk-old-politician-305.jpg ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇူလိုင်လ ၂၂ ရက်နေ့ ကပြုလုပ်တဲ့ ပြည်ထောင်စု တိုင်းရင်းသား သက်ကြီး ဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို ဂါရဝပြုတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်
photo: NLD Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဗမာလူမျိုးအပါအင် တိုင်းရင်းသားအားလုံး ပင်လုံစိတ်ဓာတ်ကို ပြန်လည်ထူထောင်ဖို့ လိုအပ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တော်င်နှင်းဆီခန်းမမှာ တိုင်းရင်းသားလူငယ်များကွန်ရက်က ဦးစီးကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသား သက်ကြီးါရင့်နိုင်ငံရေးခေါင်းဆောင်ကြီးတွေကို ဂါရပြုတဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက်ဂါရပြုရင်း ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပင်လုံစိတ်ဓါတ်ဆိုတာ တိုင်းရင်းသားအချင်းချင်းတစ်ဦးနဲ့ တစ်ဦး သစ္စာရှိရမယ်ဆိုတဲ့  စိတ်ဓာတ်ကိုဆိုလို တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။

ဒီနေ့တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ သက်ကြီးပူဇော်ပွဲဟာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲကို ရှမ်းပြည်တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ဆေထင် မွန်ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဦးနိုင်ငွေသိမ်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်က ဦးသာဘန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့င် ဦးင်းတင်၊ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်စိန်ရွှေ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးပူးကျင့်ရှင်းထန်စတဲ့ ါရင့်နိုင်ငံရေးခေါင်းဆောင် ၂ က တက်ရောက်ကန်တော့ခံခဲ့ပါတယ်။

ဖိတ်ကြားထားတဲ့ ါရင့်နိုင်ငံရေးခေါင်းဆောင် ၃၁ ဦးမှာ ဆရာကြီး ဒဂုန်တာရာနဲ့ သခင်သိန်းဖေတို့တော့ တက်ရောက်နိုင်ခြင်းမရှိပါဘူူး။ ကန်တော့ခံ နိုင်ငံရေးခေါင်းဆောင်ကြီးတွေကလည်း ပင်လုံစာချုပ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်ထောင်စုစနစ်ဖော်ဆောင်ရေးနဲ့ ပြည်တွင်းစစ်ရပ်စဲရေး အကြောင်းတွေကို ဒီအခမ်းအနားမှာ ဆွေးနွေးပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အာအက်ဖ်အေ သတင်းထောက် မဇင်မာဝင်းရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။