သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-18
ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၆) နှစ် မြောက် မွေးနေ့အတွက် လှုပ်ရှားမှု တရပ်ကို အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်ရှေ့မှာ မနေ့က ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2011-06-17
"ဖြစ်စေချင်သည် ဖြစ်စေ၊ မဖြစ်စေချင်သည် ဖြစ်စေ၊ တချို့ကိစ္စတွေက ဖြစ်သွားတဲ့အခါမှာ အကောင်းဆုံးရလာဒ်ရအောင်သာ ကြိုးစားရမယ်လို့ ထင်ပါတယ်။
2011-06-17
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ထိုင်း နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ တောင်အာဖရိက သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Douglas Gibson က ဒီနေ့ မနက်ပိုင်းမှာ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2011-06-17
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ မှတ်ပုံတင်နိုင်ရေး ကိစ္စ နဲ့ အိမ်ဖေါ် အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးနိုင်ဖို့အတွက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ခေါ်ယူ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။
2011-06-17
အပစ်အခတ် ရပ်စဲထားတဲ့ ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) အဖွဲ့ခေါင်းဆောင် တချို့ကို နေအိမ် အကျယ်ချုပ် ချထားတယ်ဆိုတဲ့ သတင်းတွေ မမှန်ကန်တဲ့ အကြောင်း NDA-K အရာရှိတဦးက အာအက်အေကို အတည်ပြု ပြောပါတယ်။
2011-06-17
ဘုရားသုံးဆူမြို့ ရပ်ကွက် ၄ ရှိ ဥဒေါင်းကန်ဘက်နဲ့ တောင်ဝိုင်းဘက်မှာ လွန်ခဲ့တဲ့ နှစ်ရက်က စပြီး အစိုးရတပ်တွေ နေရာယူ တပ်စွဲလာတာကြောင့် မြို့ခံတွေ ကြောက်ရွံ့ပြီး ပြောင်းရွှေ့ကုန်ကြတယ်လို့ သိရပါတယ်။
2011-06-17
ထိုင်းနိုင်ငံ ဆဖန်ဘူရီခရိုင်က အိမ် ၃ လုံးမှာ ပြန်ပေးငွေနဲ့ ရွေးယူဖို့ လူမှောင်ခိုပွဲစားတွေက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က မနေ့က ပြောပါတယ်။
2011-06-17
စစ်ရေးတင်းမာပြီး အခြေအနေတွေ မငြိမ်သက်သေးတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဒေသတွင်းက စစ်ပြေး ဒုက္ခသည် ပြည်သူတွေကို အကာအကွယ်ပေးဖို့ အတွက် ပြည်ပ အခြေစိုက် KNO ကချင် အမျိုးသား အစည်းအရုံးရဲ့ အမေရိကန် တာဝန်ခံ ဖြစ်သူ ကိုဂမ်ဆန်ဟာ ကုလသမဂ္ဂ ဆိုင်ရာ သံတမန်တချို့နဲ့ မနေ့က တွေ့ဆုံပြီး အကူအညီ တောင်းခံလိုက်ပါတယ်။
2011-06-17
မြန်မာ အစိုးရတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကေအိုင်အေ ကချင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က တရုတ် အစိုးရကို ဝင်ရောက် ကူညီဖြေရှင်းပေးဖို့ မနေ့က ပန်ကြားလိုက်ပါတယ်။
2011-06-17
မြန်မာအစိုးရ အနေနဲ့ နိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားတွေ အပေါ် ရန်လိုစိတ်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ရပ်တံ့ဖို့ လိုအပ်ကြောင်း အမေရိကန် အစိုးရက မနေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2011-06-17
အာရပ်ကမ္ဘာက ဒီမိုကရေစီရေး ဆန္ဒပြ တောင်းဆိုမှုတွေလိုမျိုး မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာနိုင်တဲ့ အလားအလာဟာ အာဏာပိုင် အစိုးရအပေါ်မှာ တည်သလို ပြည်သူတွေ အပေါ်မှာလည်း တည်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2011-06-17
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းရေးအတွက် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ ILO က မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2011-06-17
လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ EU ဥရောပသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်ကို ရောက်ရှိမယ်လို့ ဘန်ကောက်အခြေစိုက် သတင်းထောက် လယ်ရီဂျေဂင်က အာအက်ဖ်အေကို ပြောပါတယ်။
2011-06-15
တရားမဝင် အလုပ်သမားတွေကို တရားဝင် မှတ်ပုံတင်ရေးအစီအစဉ်ကို ထိုင်းနိုင်ငံ ခရိုင် ၇၆ ခုလုံးမှာ ဇူလိုင်လ ၁၄၇က်နေ့အထိ တလကြာ ပြုလုပ်ပေးမှာဖြစ်ပါတယ်။
2011-06-15
ဒီနှစ် မကုန်ခင်မှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ်တွေက လွှတ်တော် ကိုယ်စားလှယ် နေရာတွေ အတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိတယ်ဆိုတဲ့ အပေါ် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေး ပါတီတွေထဲက ၁၁ ပါတီက စုစည်းထားတဲ့ ဒီမိုကရေစီ ၁၁ ပါတီ မဟာမိတ် အဖွဲ့က ပြိုင်ဘက် ကြံ့ခိုင် ဖွံ့ဖြိုးရေးနဲ့တစညတို့ကို အနိုင်ရအောင် ပြင်ဆင်နေပြီ ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။