ကချင်ဒေသ ထိုးစစ်တွေရပ်ဖို့ အမေရိကန် ပြောကြား

မြန်မာအစိုးရ အနေနဲ့ နိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားတွေ အပေါ် ရန်လိုစိတ်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတာကို ရပ်တံ့ဖို့ လိုအပ်ကြောင်း အမေရိကန် အစိုးရက မနေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

2011.06.17
us_state_department_building_305_z.jpg ဝါရှင်တန်မြို့တော်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အဦ။
RFA

မြန်မာအစိုးရရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ဒေသခံ ပြည်သူတွေ အိမ်နီးချင်း တရုတ်နိုင်ငံထဲကို အလုံးအရင်းနဲ့ ထွက်ပြေး ဝင်ရောက်ခဲ့ပြီးနောက် အမေရိကန် အစိုးရက အခုလို ပြောဆိုလိုက်တာပါ။

အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို အလေးထား စောင့်ကြည့်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ အမျိုးသမီး Kelly McKellogg က ပြောပါတယ်။ ဒါ့ပြင် မြန်မာအာဏာပိုင်တွေ အနေနဲ့ အခုလို ရန်လို တိုက်ခိုက်မှု မှန်သမျှကို အဆုံးသတ်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အတိုက်အခံတွေ၊ တိုင်းရင်းသား အုပ်စုတွေနဲ့ စတင် ဆွေးနွေးဖို့ တိုက်တွန်းလိုကြောင်း Ms. McKellogg က ပြောပါတယ်။

ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံ အတွက် ရေအား လျှပ်စစ် ပံ့ပိုးနိုင်ဖို့ တည်ဆောက်နေတဲ့ ရေအား လျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကြီး တခု အနီးမှာ ကေအိုင်အေ ကချင် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ မြန်မာ စစ်အစိုးရတပ်တွေ အကြား တိုက်ပွဲ ဖြစ်ပွားနေတာ သီတင်းတပတ် နီးပါး ရှိသွားပြီ ဖြစ်ပြီး ရှမ်းပြည် မြောက်ပိုင်း အထိ တိုက်ပွဲတွေ ပြန့်နှံ့ ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-17 14:43

Even myanmar country and people are so poor the government leader are still dare to allow to built the power generator in Kachin land to sell the electric to china should be very shameful and stupid.Even want to ask, UN stand for what. Until now UN can't solve myanmar political and position for 20 years. But they have taken so many benefits and opportunities from all the countries. Within these time how many people were dying and suffering with harms and trouble. That's mean UN how stand for but not only for Myanmar also many country all over the world.