ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မြန်မာ့အရေး လှုပ်ရှားမှု ကုလရုံးချုပ်ရှေ့မှာ ကျင်းပ
2011.06.18
ဒီ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ဦးဆောင် စီစဉ်သူတဦး ဖြစ်တဲ့ Burma Point အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးမိုးချမ်းက RFA ကို အခုလို ပြောပါတယ်။
“ဒေါ်စုက သူ့ရဲ့မွေးနေ့ကို အသုံးချပြီးမှ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ ဝိုင်းပြီး တွန်းကြပါ ဆိုတဲ့ ဒေါ်စုရဲ့ message ကို RFA ကနေ ကြားလို့ အဲဒီအတိုင်းပဲ ကျနော်တို့လည်း ဒီမှာ လာတွန်းနေတာပေါ့။ သူ့မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျနော်တို့ ရေပုလင်း အနည်းဆုံး ၆၆ဝ လှူမယ်။ ဒါ နယူးယောက်က မြန်မာမိသားစုတွေရဲ့ စုပေါင်း ကုသိုလ်ပေါ့လေ။ အဲဒီအပြင် ဒေါ်စု ပြောတဲ့အတိုင်း ကုလသမဂ္ဂကို တိုက်တွန်း မေတ္တာရပ်ခံဖို့ ကျနော်တို့ ကြေညာချက် ထုတ်တယ်”
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံကို အမြန်ဆုံး လာရောက်ခွင့် ပေးရေး၊ မြန်မာ့နိုင်ငံရေးကိစ္စ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ ရုံးတရုံး အမြန်ဆုံး ဖွင့်လှစ်ရေး စတဲ့အချက်တွေကိုလည်း တောင်းဆိုခဲ့ကြတယ်လို့ ဦးမိုးချမ်းက ပြောပါတယ်။
ဒီ လှုပ်ရှားမှုကို နေ့လည် ၁၂ နာရီကနေ ည ၇ နာရီအထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။