ကုလသမဂ္ဂက ကြားဝင် ဖြန်ဖြေပေးဖို့ ကချင် အဖွဲ့အစည်း တောင်းဆို
2011.06.17
ကချင် လွတ်မြောက်ရေး တပ်မတော် KIA နဲ့ မြန်မာ အစိုးရတပ်တွေကြား စစ်ပွဲတွေ ဆက်မဖြစ်အောင် ဖြန်ဖြေပေးမယ့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်ပေးရေး အပါအဝင် အချက်(၃) ချက်ကို အဓိက တောင်းဆိုခဲ့တယ်လို့ ကိုဂမ်ဆန် က RFA ကို ပြောပါတယ်။
နယူးယောက်မြို့ ကုလ သမဂ္ဂရုံးမှာ ပြုလုပ်တဲ့ ကြားနာပွဲကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက သံတမန်တွေ အမေရိကန်၊ လက်တင် အမေရိကနဲ့ အာရှနိုင်ငံက သံတမန်တွေ စုစုပေါင်း သံတမန် (၂၀) လောက် တက်ရောက်ပါတယ်။
ICRCကမ္ဘာ့ကြက်ခြေနီအဖွဲ့ ကတော့ အိန္ဒိယ မြန်မာနယ်စပ်က သူတို့ရဲ့ဝန်ထမ်းတွေကို အရေးပေါ်တပ်လှန့်ထားမယ်လို့ ကတိပေးကြောင်း KNO အဖွဲ့က ကိုဂမ်ဆန်က RFAကို ပြောပါတယ်။
ကုလသမဂ္ဂ ဆိုင်ရာ သံတမန်တွေနဲ့ ဘယ်လို ဆွေးနွေးခဲ့သလဲ ဆိုတဲ့ အကြောင်း သိရအောင် KNO အဖွဲ့ရဲ့ အမေရိကန် ဆိုင်ရာ တာဝန်ခံ ကိုဂမ်ဆန်ကို RFA ကိုဉာဏ်ဝင်းအောင်က မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |