သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-04-26
တော်လှန်ရေးအင်အားစုတွေက နယ်စပ်မြို့တွေ၊ ကုန်သွယ်ရေးဇုန်တွေကို ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ နောက်ဆက်တွဲ နယ်စပ်ဒေသခံတွေရဲ့ လူမှုဘဝအပေါ် သက်ရောက်မှုနဲ့ အိမ်နီးချင်းနိုင်ငံအစိုးရတွေရဲ့ စိုးရိမ်မှုတွေအကြောင်း ဆွေးနွေးထားပါတယ်။
2024-04-26
စစ်ကောင်စီတပ်ရဲ့ ငပလီနဲ့ မောင်ရွှေလေး ရေတပ်စခန်းကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေပြီး ဒေသခံတွလည်း ထွက်ပြေးနေရတယ်လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
2024-04-26
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့၊ ရေကာတာအနီးက စစ်ကောင်စီရဲ့ ခလရ (၄၂၂) တပ်ကို ကရင်နီ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။
2024-04-26
KNLA နဲ့ ပူးပေါင်းတပ်တွေ တစ်လအကြာသိမ်းပိုက်ထားတဲ့ ကော့ဘိန်းနယ်မြေရဲစခန်းကို ဧပြီ ၂၅ ရက်နေ့မှာ စစ်တပ်က ပြန်လည်တိုက်ခိုက်သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-26
ရေဇွာမြို့ လောင်းရဲရပ်ကွက်မှာ ကလေးတစ်ဦး မြေမြှုပ်မိုင်း နင်းမိရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-26
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၁-ဂ နဲ့ ထောင် ဆယ်နှစ်၊ ပုဒ်မ ၅၂-ဃ နဲ့ ထောင်ခုနစ်နှစ် ချမှတ်ခဲ့ပြီး မန္တလေးအိုးဘိုထောင်ကို ပို့လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
2024-04-26
မြဝတီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ အမြောက်တွေ အထိုင်ချတပ်ဆင်ထားတဲ့ စွယ်တော်ကုန်းတောင်ခြေနဲ့ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
2024-04-26
ဝါးခယ်မမြို့နယ်၊ သီလှချောင်းရွာမှာ စစ်မှုထမ်းဥပဒေအရ လူငယ် အယောက် ၄၀၀ နီးပါးကို မြို့နယ်က ဆင့်ခေါ်ပြီး စာရင်းကောက်သွားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2024-04-26
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဧပြီလ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-26
စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ မွန် နဲ့ ရခိုင် စတဲ့ တိုင်းနဲ့ပြည်နယ် ခုနစ်ခုက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ရုံးစာရေးတွေနဲ့ ရာအိမ်မှူးတွေ စုစုပေါင်း ၅၈ ယောက် သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
2024-04-26
ဆင်ဘိုမြို့ကို ဧပြီ ၂၅ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-04-26
အာဏာသိမ်းကာလ သုံးနှစ်ကျော်လာချိန်မှာ မင်းတပ်မြို့နယ်ကို ရှစ်ဆယ်ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ပြီလို့ (CDF-မင်းတပ်) ရဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းဌာန ဌာနမှူး ကိုဆလပ်သွေးက ပြောပါတယ်။
2024-04-26
ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်တွင်းဆန္ဒပြမှုကို လူသေဆုံးသည်အထိ ပစ်ခတ်နှိမ်နင်းရာမှာပါဝင်တဲ့ အကျဉ်းထောင်အရာရှိတွေအပါအဝင် ထောင်ဝန်ထမ်းရှစ်ဦးကို စစ်ကောင်စီရဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနကနေ ခေါ်ယူစစ်ဆေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဧပြီလ ၂၆ ရက်နေ့မှာ ပြောပါတယ်။
2024-04-26
ရေဖြူမြို့နယ်၊ ဖောင်းတောရွာက သားအဖနှစ်ယောက်ကို စစ်ကောင်စီတပ်က ဖမ်းသွားပြီးတဲ့နောက် အဖေဖြစ်သူ ဦးဝင်းဘိုရဲ့ ရုပ်အလောင်းကိုလာယူဖို့ အကြောင်းကြားလာပါတယ်။
2024-04-26
ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိလို့ စစ်ဘေးဒုက္ခသည် ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ (KNU)က ထုတ်ပြန်ပါတယ်။