နယ်စပ်မြို့သိမ်းတိုက်ပွဲတွေရဲ့ သက်ရောက်မှု

2024.04.26

မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကစပြီး ရှမ်းပြည်နယ်က နယ်စပ်မြို့တွေတင်မကဘဲ ကချင်၊ ကရင်နီ၊ ကရင်၊ ရခိုင် စတဲ့ တိုင်းရင်းသားဒေသတွေက နယ်စပ်မြို့တွေကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းယူတဲ့ စစ်ဆင်ရေးတွေ တဖြည်းဖြည်းကျယ်ပြန့်လာပါတယ်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကချင်ပြည်နယ်က လွယ်ဂျယ်မြို့၊ ရှမ်းပြည်နယ်က မူဆယ်၊ ချင်းရွှေဟော် စခန်းတွေကို ဒေသဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေထိန်းချုပ်ထားပါတယ်။ နေ့စဉ် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ကုန်သွယ်မှုရှိနေတဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ကိုလည်း လတ်တလောမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မဟာမိတ်တပ်တွေ ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် စစ်ရေးပြင်းထန်နေပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ဒေသအလိုက် နယ်စပ်မြို့တွေ၊ ကုန်သွယ်ရေးဇုန်တွေကို ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ နောက်ဆက်တွဲ နယ်စပ်ဒေသခံတွေရဲ့ လူမှုဘဝအပေါ် သက်ရောက်မှု၊ လူသားချင်းစာနာမှုအကူအညီ လိုအပ်မှု မြင့်လာတဲ့အခြေအနေတွေနဲ့ အိမ်နီးချင်းနိုင်ငံအစိုးရတွေရဲ့ စိုးရိမ်မှုတွေအကြောင်း ဆွေးနွေးထားပါတယ်။

ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး၊ Burma Support ရဲ့ ညွှန်ကြားရေးမှူး မယွန်မီနဲ့ CDM တပ်မတော်သား ဗိုလ်ကြီးကောင်းသူဝင်းတို့ ဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မဇင်မာဝင်း စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။