သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-04-20
မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်းလွတ်လပ် ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေ ကို အဆိပ်အတောက်ဖြစ်စေတဲ့ စာပေတွေ အများ အပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက် ပါတယ်။
2013-04-20
မြန်မာနိုင်ငံက ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ ဒေသတွင်းစီးပွားရေးကို မြှင့်တင်နိုင်လိမ့်မယ် လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆို လိုက်ပါတယ်။
2013-04-20
မြန်မာအစိုးရ ဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံသားတွေ လူ့အခွင့် အရေးပိုမိုရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ John Kerry က ပြောကြားလိုက် ပါတယ်။
2013-04-20
မြန်မာ-တရုတ်-လာအိုနဲ့ ထိုင်း ၄ နိုင်ငံပူးပေါင်းပြီး မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာ မဲခေါင်မြစ်လုံခြုံရေးအတွက် Safe River ဆိုတဲ့ လှုပ်ရှားမှုကို (မနေ့က)သောကြာနေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
2013-04-20
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေအတွက် မိုးတွင်းကာလမှာ အန္တရာယ်တွေကြုံနိုင်သလို ကူညီထောက် ပံ့ဖို့အတွက်လည်း ရန်ပုံငွေအတော်နည်းနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မနေ့ ကပြောလိုက်ပါတယ်။
2013-04-19
ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ခုရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေက ဒေသခံတွေအနေ နဲ့ စီမံကိန်းအပေါ် သဘောတူကျေနပ်ကြောင်း လက်မှတ်ရေးထိုးခိုင်းတာကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က လယ်သမားတွေက ငြင်းဆန်လိုက်တယ် လို့ သိရပါတယ်။
2013-04-19
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်က အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ မြေယာတွေ သိမ်းဆည်းခဲ့တာကို ဆန့်ကျင်ကြတဲ့ ဒေသခံတောင်သူ ၆၀၀ ကျော် ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်း မှာတွေ့ဆုံပြီး ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။
2013-04-19
မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၅ ပါတီဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက် အရ မနက်ဖြန် ဧပြီလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားရောက်မယ် လို့ ပြောပါတယ်။
2013-04-19
ဂျပန်နိုင်ငံကို ရက်သတ္တပတ် တစ်ပတ်ကြာ သွားရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ညနေ ၆ နာရီလောက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်ကို ပြန်လည်ရောက်ရှိခဲ့ရာမှာ ထောင်နဲ့ချီ တဲ့ ပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။
2013-04-19
မြန်မာနိုင်ငံကို ကုန်သွယ်မှု အထူးခံစားခွင့် နိုင်ငံအဖြစ် ပြန်လည်သတ်မှတ်ဖို့ အမေရိကန် အစိုးရကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်ရုံး USTR က ကြားနာပွဲပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။
2013-04-18
ဗြိတိန်နိုင်ငံကိုရောက်ရှိနေတဲ့ ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ ဟာ ဘယ်လ်ဖတ်စ်မြို့မှာ အိုင်ယာလန်ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး ကြာသပတေးနေ့ မနေ့ညက လန်ဒန်မြို့ ကို ပြန်လည်ထွက်ခွာသွားပါတယ်။
2013-04-18
ဂျပန်နိုင်ငံကို အလည်အပတ်ရောက်နေ တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ဖြစ်တဲ့ တိုကျို Skytree မျှော် စင်နဲ့ Panasonic ကော်ပိုရေးရှင်း အရောင်းပြခန်းတို့ကို မနေ့က သွားရောက်ခဲ့ပါတယ်။
2013-04-18
မြန်မာနိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်ပြင်ပအဖွဲ့အစည်းကမှ လာရောက် စုံစမ်းစစ်ဆေးစရာမလိုကြောင်း သမ္မတပြောခွင့် ရပုဂ္ဂိုလ် ဦးရဲထွဋ်က မနေ့ကပြောလိုက်ပါတယ်။
2013-04-18
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း နယ်မြေတချို့မှာ မြန်မာအစိုးရတပ်တွေနဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေ စစ်ရေးတင်းမာမှုရှိနေဆဲ ဖြစ် တာကြောင့် တန့်ယန်းမြို့နားက အောင်မင်္ဂလာကျောင်း တိုက်က ဒုက္ခသည်စခန်းကို နေ့စဉ်ဆိုသလို ဒုက္ခသည်တွေ ထပ်မံရောက်ရှိလာနေတယ်လို့ စခန်းအုပ်ချုပ်ရေးအဖွဲ့က RFA ကို ပြောပါတယ်။
2013-04-18
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် China National Petroleum Cooperation (CNPC)က အကောင်အထည်ဖော်နေတဲ့ ရေနံပိုက်လိုင်း စီမံကိန်းဟာ ဒေသအကျိုးစီးပွားကို ကောင်းကျိုးမပြုဘူး ဆိုပြီး ဒေသခံ ၄၀၀ ကျော်ဟာ အဲဒီစီမံကိန်းကုမ္မဏီရုံးရှေ့ မှာ ဒီကနေ့ နေ့လည်ပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။