အာရှ လေးနိုင်ငံပူးပေါင်းပြီး Safe River လှုပ်ရှားမှုကို ယူနန်မှာပြုလုပ်


2013.04.20

မြန်မာ-တရုတ်-လာအိုနဲ့ ထိုင်း ၄ နိုင်ငံပူးပေါင်းပြီး  မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာ မဲခေါင်မြစ်လုံခြုံရေးအတွက် Safe River ဆိုတဲ့ လှုပ်ရှားမှုကို (မနေ့က)သောကြာနေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ဒီလေးနိုင်ငံ ဆက်ဆံရေးအရာရှိတွေက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်မျှဝေဖို့ ဌာနချုပ်တွေကို ပေးပို့မှာဖြစ်သလို၊ နှိမ်နင်းရေးမှာလဲ အတူတူ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ ဆက်နွယ်ပြီး သံသယရှိသူ ၄ ယောက်ကို တရုတ်နဲ့ လာအိုရဲတပ်ဖွဲ့တွေ ပူးပေါင်းဖမ်းဆီးလိုက်တယ်လို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ကာလတွေအတွင်း ဖမ်းမိတဲ့ မက်သာဖက်တမင်း မူးယစ်ဆေးဝါးဟာ ၁ တန်ခွဲလောက်ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီဆေးတွေကို ပြီးခဲ့တဲ့နှစ်မေလက လာအိုနိုင်ငံမှာ ဖမ်းမိတာဖြစ်သလို၊ ပြီးခဲ့တဲ့နှစ်ဧပြီလအတွင်း လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံထဲက မူးယစ်မှောင်ခိုဂိုဏ်းဟာ လာအိုကနေတဆင့် တရုတ်နိုင်ငံကိုပို့ဖို့ ပြင်ဆင်ခဲ့တာတွေ့ရတယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။