သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး ဆုတောင်းပွဲ


2013.04.19
pray-for-field-kayah-305.jpg ကယားပြည်နယ်၊ ဖရူဆိုမြို့မှာ ဧပြီလ ၁၉ ရက်နေ့က မြေယာ သိမ်းဆည်းခံရတဲ့ ဒေသခံတောင်သူတွေ ဆန္ဒထုတ်ဖော်နေ ကြပုံ
photo: RFA/ Nay Thwae

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်က အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့ မြေယာတွေသိမ်းဆည်းခဲ့တာကို ဆန့်ကျင်ကြတဲ့ ဒေသခံတောင်သူ ၆၀၀ ကျော် ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတွေ့ဆုံပြီး ဆုတောင်းပွဲကျင်းပခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းက အဲ့ဒီစစ်လေ့ကျင့်ရေး ဆောက်လုပ်ဖို့အတွက် မာခရှော်ရှေ့၊ မြို့မ၊ ကေးလျား၊ ထီးပေါ်ဆို၊ မိုဆို၊ ဒိုးပရယ်စတဲ့ ကျေးရွာအုပ်စုတွေက ဒေသခံတွေ ပိုင်ဆိုင်တဲ့ လယ်မြေဧက ၂၇၀၀ ကျော်ကို စစ်တပ်က အဓမ္မသိမ်းပိုက်ခဲ့တာလို့ ဦးဆောင်ကျင်းပတဲ့ “ခိုးလျှေဆို တောင်သူလယ်သမားကော်မတီ” တာဝန်ခံ ဦးသဲရယ်က RFA ကို ပြောပါတယ်။

လယ်မြေတွေ သိမ်းဆည်းခဲ့စဉ်က ဒေသခံတွေကို ဖိအားပေး လက်မှတ်ထိုးခိုင်းခဲ့တာအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု စတာတွေပါဝင်တဲ့ အချက် (၁၂) ချက်ပါ သဘောထားကြေညာချက်တစ်စောင်ကို ဒီကနေ့ လူထုတွေ့ဆုံပွဲမှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီလူထုတွေ့ဆုံပွဲကို ဘာသာပေါင်းစုံက ဆရာတော်တွေက ဆုတောင်းမေတ္တာပို့သပေးခဲ့ပြီး ကယန်းပြည်သစ်ပါတီ၊ ကရင်နီလူမှုကွန်ရက်အဖွဲ့အစည်း၊ ကယားပြည်နယ် ကျောင်းသားသမဂ္ဂတို့ကလည်း သဝဏ်လွာပေးပို့ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။