နိုင်ငံရေးပါတီ ၅ ပါတီ တရုတ်နိုင်ငံသွားမည်


2013.04.19

မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၅ ပါတီဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ မနက်ဖြန် ဧပြီလ ၂၀ ရက်နေ့မှာ တရုတ်နိုင်ငံကို အလည်အပတ်ခရီး သွားရောက်မယ်လို့ ပြောပါတယ်။

အဲဒီ ခရီးစဉ်မှာ ပါဝင်တဲ့ တိုင်းရင်းသားပါတီနှစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့က ရခိုင်ပြည်နယ်ကနေ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တွေကို ဖြတ်သန်းတည်ဆောက်နေတဲ့ CNPC ကုမ္မဏီရဲ့ တရုတ်ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိစ္စကို ဆွေးနွေးသွားမယ်လို့ RNDP ပါတီရဲ့ဥက္ကဌ ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။

ဒါ့အပြင်  ပိုက်လိုင်း ဖောက်လုပ်ရာ လမ်းကြောင်း တလျှောက်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို လျော်ကြေးပေးဖို့ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးသွားမယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ခရီးစဉ်မှာပါဝင်တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ(SNDP)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP)နဲ့အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)တို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။